ရုရှားရဲ့ကျူးကျော်စစ်အတွင်း ယူကရိန်းမှာ အင်တာနက်သုံးနိုင်အောင် Starlink ကို အဆင့်မြှင့်မယ့် အီလွန်မက်စ်

3-3-2022-yyl23.jpg

စွမ်းအင်သုံးစွဲမှုကို အကြီးအကျယ် လျှော့ချနိုင်ပြီး ကားထဲက စီးကရက်မီးညှိတဲ့ ပလပ်ခေါင်းနဲ့ အားသွင်းနိုင်အောင် SpaceX ရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကို အဆင့်မြှင့်တင်နေတယ်လို့ အီလွန်မက်စ်က ပြောပါတယ်။ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်မှာဖြစ်လို့ Mobile roaming ( အင်တာနက်လိုင်း ဖြန့်ကျက်ထားတဲ့ နေရာမှာ မရှိရင်တောင် လိုင်းမိနေမယ်) လုပ်နိုင်ပြီး ကားမောင်းနေချိန်မှာ အင်တာနက်လိုင်းမိနေမယ်လို့ ဆိုပါတယ်။

ရုရှားက ကျူးကျော်စစ် ဆင်နွှဲနေချိန်မှာ ယူကရိန်းနိုင်ငံအတွင်း Starlink ရဲ့အင်တာနက်ဝန်ဆောင်မှုတွေ ဆက်လက်အသုံးပြုနိုင်ဖို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် မီခေးလိုဖက်ဒရော့ဗ်ရဲ့ တောင်းဆိုချက်ကို အီလွန်မက်စ်က အခုလို တုံ့ပြန်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Ref: Fossbytes

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top