စိတ်ကျန်းမာရေးအခြေအနေကြောင့် ဖျော်ဖြေပွဲတွေ ပြန်ကျင်းပနိုင်ဖွယ်မရှိသေးတဲ့ ဘရစ်တနီစပီးယား

bi0.jpg

အသက် (၃၇) အရွယ် ကမ္ဘာကျော်အဆိုတော် ဘရစ်တနီစပီးယား (Britney Spears) က လက်ရှိအချိန်မှာတော့ အသေအလဲကြိုးစားရင်ဆိုင်နေရတဲ့ စိတ်ကျန်းမာရေးအခြေအနေကြောင့် ဖျော်ဖြေပွဲစင်မြင့်ထက်ကို ပြန်လည်တက်ရောက်လာဖို့ မဖြစ်နိုင်သေးဘူး လို့ ဘရစ်တနီရဲ့မန်နေဂျာ က ဆိုခဲ့ပါတယ်။

ဘရစ်တနီနဲ့မိသားစုဝင်လိုဖြစ်နေတဲ့ မန်နေဂျာ လာရီဒေါ့ဖ် (Larry Rudolph) က ဘရစ်တနီရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ဆိုးရွားရှုပ်ထွေးလွန်းနေတာမို့ သူ့အတွက် သာမန်လူတစ်ယောက်အတိုင်းဖြစ်ဖို့ ကိုယ်ပိုင်အချိန်လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဖျော်ဖြေပွဲစင်မြင့်ပေါ် ဘယ်တော့မှပြန်မလာတော့ရင်တော့ ဘရစ်တနီရဲ့ဘဝအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ သူက ယူဆနေပါတယ်။

” ကျွန်တော်က သူ့ဘဝရဲ့သက်တမ်း သုံးပုံနှစ်ပုံက သူနဲ့အတူတူရှိလာခဲ့တာပါ။ ဘရစ်တနီကို ကျွန်တော့်သမီးလေးတစ်ယောက်လို့ပဲ မြင်တာမို့ ကိုယ်တိုင်လည်း စိတ်ထိခိုက်ရပါတယ်။ ခက်ခဲနေတဲ့သူ့အတွက် ပျော်ရွှင်ငြိမ်းချမ်းရာလေးမှာပဲ သူ့ကိုရှိနေစေချင်တယ်။ အခုကတော့ သူ့ရဲ့အဆိုတော်ဘဝထက် ကိုယ်ပိုင်ဘဝကို ပိုဦးစားပေးသင့်တဲ့အခြေအနေပါပဲ။ သူအများကြီးလုပ်ပြခဲ့ပြီးပါပြီ။ သူ့ကို ရှိုးပွဲပြန်ဖျော်ဖြေဖို့ မလောကြပဲ အချိန်ပေးဖို့လိုအပ်နေပါတယ် ” လို့ လာရီက ဖွင့်ဟသွားခဲ့ပါတယ်။

ဘရစ်တနီဟာ ၂၀၀၇ ခုနှစ်တုန်းက စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားရချိန်မှာ ကတ်ကြေးနဲ့ ခေါင်းတုံးရိတ်ပစ်ခဲ့ဖူးသလို နောက်ပိုင်းမှာလည်း အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေကြောင့် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေက ပိုပြီးဆိုးရွားလာခဲ့တာပဲဖြစ်ပါတယ်။

Ref: Dailymail “Britney Spears’ longtime manager Larry Rudolph claims the singer may NEVER perform again amid her ongoing mental health battle”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top