ဂျက်စတင်ဘီဘာနဲ့ ဟေလီဘီဘာတို့ရဲ့အိမ်ထောင်ရေးအဆင်မပြေဘူးဆိုတဲ့ ထင်ကြေးပေးမှုတွေထွက်ပေါ်နေတဲ့ကြားက သူတို့ နှစ်ဦးဟာ တစ်မိုးအောက်မှာအတူမနေတော့ဘူးဆိုတဲ့သတင်းလည်း ထွက်ရှိလို့နေပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေတိုးမြှင့်လာတာကြောင့် သူတို့နှစ်ဦး အိမ်ခွဲနေကြတာ ရက်သတ္တပတ်များစွာရှိပြီလို့ သိရပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေအပါအဝင် ဂျက်စတင်ရဲ့အပြုအမူတွေက သူတို့နှစ်ဦးကြား ဝေးကွာသွားစေခဲ့တာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုထားပါတယ်။ “သူတို့တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်၊ ဒါပေမဲ့အများကြီးပြောဆိုဆက်ဆံနေရတယ်”လို့ ဆိုပါတယ်။
ဂျက်စတင်က သူ့ရဲ့ Justice Tour နဲ့ ဆက်စပ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ရင်ဆိုင်နေရပြီး မန်နေဂျာဟောင်း Scooter Braun ရဲ့ကုမ္ပဏီ Hybe ထံ သန်းပေါင်းများစွာ အကြွေးတင်ထားတယ်လို့သိရပါတယ်။
ဟေလီဘီဘာက စိတ်ချမ်းသာကိုယ်ကျန်းမာရေးအပေါ် အာရုံစိုက်နေတယ်လို့ ဆိုထားပါတယ်။ သူတို့နှစ်ဦး တရားဝင်လမ်းမခွဲကြသေးဘူး။ ပြဿနာတစ်ခုထက်မကရှိနေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုထားပါတယ်။
Ref: Justin and Hailey Bieber reportedly living apart amid marriage troubles
WL ( ရိုးရာလေး)

