TikTok ဝယ်ယူဖို့ ဈေးခေါ်မှုကို Microsoft ငြင်းပယ်ခံရ

14-9-2020-yyl-002.jpg

တနင်္ဂနွေနေ့ညက လက်ရှိလူအများအကြား ခေတ်စားအသုံးများနေတဲ့ TikTok အက်ပလီကေးရှင်းရဲ့တရုတ်ပိုင်ရှင်ဟာ TikTok ရဲ့အမေရိကန်အော်ပရေရှင်းကို ထိန်းချုပ်ဖို့ Microsoftရဲ့ ဈေးခေါ်မှုကို ပယ်ချခဲ့တယ်လို့ Microsoft က ပြောပါတယ်။ နိုင်ငံတော်အဆင့်လုံခြုံရေးပြဿနာတွေ ရည်ညွှန်းပြောဆိုရင်း ရက် (၉၀) အတွင်း TikTokရဲ့ အမေရိကန်အော်ပရေးရှင်းကို ရောင်းပေးဖို့ သမ္မတဒေါ်နယ်ထရန့်ကလည်း သြဂုတ်လမှာ TikTok ပိုင်ရှင် Byte Dance ကို တိုက်ရိုက်အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ByteDance က Microsoft ကို TikTok ရဲ့ အမေရိကန်အော်ပရေရှင်းကို ရောင်းမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ကို အသိပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့တောင်းဆိုချက်က နိုင်ငံတော်အဆင့် လုံခြုံရေးပြဿနာတွေကို ကာကွယ်ရင်းနဲ့ TikTok အသုံးပြုသူတွေအတွက် ကောင်းမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ချက်အပြည့်ရှိပါတယ်”လို့ Microsoft က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင် လယ်ရီ အယ်လစ်ဆင် တည်ထောင်တဲ့ Oracle ကုမ္ပဏီက Microsoft နဲ့ အပြိုင်ဈေးခေါ်မှုမှာ အနိုင်ရသွားခဲ့တာပါ။

TikTok ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းကို ပြည်သူလူထုကို ချပြခဲ့ချိန်သြဂုတ်လတုန်းက Microsoft နည်းပညာကုမ္ပဏီရဲ့ရှယ်ယာက (၆) ရာခိုင်နှုန်း (ဒေါ်လာ ၁၁.၅၃) နီးပါးမြင့်တက်လာခဲ့ပါတယ်။ ဒီပမာဏက Microsoft အတွက် ဒေါ်လာ (၉၅) ဘီလျံမြှင့်တင်ပေးနေတဲ့အရာဖြစ်ပါတယ်။ သမ္မတဒေါ်နယ်ထရန့် သြဂုတ်လ ၆ ရက်နေ့ညွှန်ကြားချက်က ပေကျင်းအခြေစိုက် ByteDanceနဲ့ အရောင်းအဝယ်ကိစ္စကို တားမြစ်ခဲ့ပါတယ်။ တစ်နေ့တည်းမှာပဲ အခြားဆိုရှယ်မီဒီယာတွေဖြစ်တဲ့ တရုတ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်တဲ့ WeChat ကို အမေရိကန်ကို လာလည်တဲ့ တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ယူတဲ့အက်ပလီကေးရှင်းလို့ ပြောပြီး ပစ်မှတ်ထားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ နောက်ထပ်ညွှန်ကြားချက်မှာတော့ ဒေါ်နယ်ထရန့်က အမေရိကန်အခြေခံထားတဲ့ TikTok ပိုင်ဆိုင်မှုတွေကို ရက် ၉၀ အတွင်း ရောင်းဖို့ ByteDance ကို အမိန့်အာဏာပေးခဲ့ပါတယ်။ TikTok က ထရန့်ရဲ့အမိန့်အာဏာပေးမှုကို ဆန့်ကျင်ပြီး ဒါက နိုင်ငံတော်အဆင့်လုံခြုံရေးခြိမ်းခြောက်မှုမဟုတ်ဘဲ အစိုးရက သမ္မတရဲ့တရုတ်အစိုးရ ဆန့်ကျင်ရေးကမ်းပိန်အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောကြားရင်းနဲ့ သြဂုတ်လ ၁၄ ရက် ကယ်လီဖိုးနီးယားပြည်နယ်မှာ စွဲချက်တင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီရို (Mike Pompeo) က အမေရိကန်ဟာ TikTok နဲ့ အခြားတရုတ်ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတွေကို တားမြစ်ဖို့ လုပ်ဆောင်နေတယ်လို့ ဇူလိုင်လက ပြောခဲပါတယ်။ ByteDance က တရုတ်အစိုးရအတွက် ဘယ်လိုအကူအညီထောက်ပံ့မှုမျိုးကိုမှ လက်မခံခဲ့ဖူးပါဘူး။ “TikTok အမေရိကန်အသုံးပြုသူဒေတာကို အမေရိကန်မှာ တင်းကျပ်တဲ့ထိန်းချုပ်မှုနဲ့ ထားရှိထားပါတယ်။ TikTokရဲ့အကြီးစားရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်နိုင်ငံက လာတာပါ”လို့ ပြောရေးဆိုခွင့်ရှိသူက သြဂုတ်လက ပြောခဲ့ပါတယ်။ အခုနှစ်မှာ TikTokရဲ့ အမေရိကန်ဝင်ငွေတစ်ခုတည်းကိုတင် ဒေါ်လာ သန်း (၅၀၀) ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ ဒါက ၂၀၁၉ခုနှစ်က ဝင်တဲ့ သန်း (၅၀) (၁၀) ကြိမ်ပါပဲ။ အသုံးပြုသူတွေကို ဗီဒီယိုအတိုလေးတွေ ရိုက်ပြီး Share ခွင့်ပြုထားတဲ့ TikTok ဟာ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေတော်တော်များများကြားမှာ တော်တော်လေးခေတ်စားနေပါတယ်။

Ref: CBSNews “Microsoft says its bid to buy TikTok rejected”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top