အိန္ဒိယဘီလျံနာအမွေဆက်ခံသူရဲ့မင်္ဂလာပွဲအကြိုအခမ်းအနားမှာ ဖျော်ဖြေဖို့အတွက် ဒေါ်လာ ၁၀ သန်းနဲ့ငှားရမ်းခံခဲ့ရတယ်ဆိုတဲ့ ဂျက်စတင်ဘီဘာ

8.7.2024-yyl-2.jpg

ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာကို အိန္ဒိယဘီလျံနာအမွေဆက်ခံသူ အာနန့် အမ်ဘာနီရဲ့မင်္ဂလာပွဲအကြိုအခမ်းအနားမှာ ဖျော်ဖြေဖို့ အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ ငှားရမ်းခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က မွန်ဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ အဲ့ဒီအခမ်းအနားအတွင်း ဂျက်စတင်က Love Yourself နဲ့ Peaches သီချင်းအပါအဝင် နာမည်ကြီးသီချင်းတွေ သီဆိုဖျော်ဖြေဖို့အတွက် အခုလို အဆိုတော်ကြေးအမြောက်အမြားရခဲ့တယ်လို့ ဆိုထားပါတယ်။

ဂျက်စတင်ကလည်း သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သတို့သားလောင်း၊သတို့သမီးလောင်းတို့နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါသေးတယ်။ ပွဲအခမ်းအနားအတွက် သူ့ကို ငွေပမာဏအများကြီးနဲ့ ငှားရမ်းခဲ့ရတယ်လို့အိန္ဒိယသတင်းဌာနတွေကလည်း ဆိုထားပါတယ်။ ပွဲအခမ်းအနားပြီးပြီးချင်း ဂျက်စတင်က အမေရိကန်ကို ပြန်သွားခဲ့ပါတယ်။

သတို့သားလောင်း အာနန့်အမ်ဘာနီက ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၁၂၃.၄ ဘီလျံနဲ့ အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မူကက်ရှ်အမ်ဘာနီရဲ့အငယ်ဆုံးသားဖြစ်ပါတယ်။ သူတို့မိသားစုက ဇူလိုင် ၁၂ ရက်နေ့မှာ ပြုလုပ်မယ့် မင်္ဂလာပွဲအတွက် လတော်တော်ကြာပြင်ဆင်နေခဲ့တာပါ။ တကယ့်မင်္ဂလာပွဲမတိုင်ခင် နာမည်ကြီးအနုပညာရှင်တွေငှားရမ်းပြီး ပွဲအခမ်းအနားတွေလည်း ကျင်းပပြုလုပ်နေခဲ့တာပါ။

ဘီလျံနာတွေဖြစ်တဲ့ ဘီလ်ဂိတ်နဲ့ မက်ခ်ဇူကာဘတ်တို့တက်ရောက်ခဲ့တဲ့ ပွဲအခမ်းအနားမှာ ဖျော်ဖြေဖို့ ရီဟားနားကိုလည်း အမေရိကန်ဒေါ်လာ ၆ သန်းနဲ့ ငှားရမ်းခဲ့ပါသေးတယ်။ မေလကလည်း အီတလီကနေ ပြင်သစ်အထိ ၃ ရက်တာအပျော်စီးသင်္ဘောခရီးစဉ်မှာ အာနန့်ရဲ့မိသားစုက ဆွေမျိုးတွေကို ဖိတ်ကြားခဲ့ပြီး အဲ့ဒီမှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ကေတီပယ်ရီ၊ Pit Pull နဲ့ DJ ဒေးဗစ်ဂတ်တာကိုလည်း ဖျော်ဖြေတင်ဆက်စေခဲ့ပါတယ်။

Ref: Justin Bieber reportedly paid $13.5m to perform at Indian billionaire heir’s pre-wedding ceremony
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top