အဘွားအိုကို ရထားတိုက်ခံရမယ့်ဘေးက ကယ်တင်ပေးခဲ့တဲ့ မိန်းကလေးငယ်

22.2.24-yyl-3.jpg

အဘွားအိုတစ်ယောက်ကို ရထားတိုက်ခံရမယ့်ဘေးကနေ ကယ်တင်နိုင်ခဲ့လို့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်ကို သူရဲကောင်းအဖြစ် ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

လိုင်လီဘေကာက သူငယ်ချင်းနဲ့တွေ့ဖို့ သွားနေတုန်း ဘီးတပ်ကုလားထိုင် အသုံးပြုတဲ့ အမျိုးသမီးကြီးတစ်ယောက် ရထားလမ်းကို ဖြတ်ကူးဖို့ အခက်ကြုံနေတာ တွေ့ခဲ့ပါတယ်။ အဲဒီအချိန်မှာ လိုင်လီက ကားထဲက ထွက်ပြီး အမျိုးသမီးကြီးကို သွားကူညီခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံး ချော်လဲပြီး ရထားလမ်းပေါ် လဲကျသွားချိန်မှာပဲ ဟွန်းသံပေးပြီး ရထားတစ်စီး ခုတ်မောင်းလာတာကို မြင်လိုက်ရပါတယ်။

လိုင်လီဘေကာက အဘွားအိုကို ဆွဲထူပြီး ရထားလမ်းတစ်ဖက်ကို ကူးနိုင်ခဲ့ပြီးနောက် စက္ကန့်ပိုင်းအကြာမှာပဲ ရထားဖြတ်သွားခဲ့တာပါ။ တကယ်လို့ စက္ကန့်ပိုင်းသာ နောက်ကျခဲ့ရင် ရထားတိုက်ခံရမယ့် အခြေအနေပါပဲ။ သူတို့ဟာ ရထားတိုက်ခံရမယ့် နေရာကနေ ၁၈ လက်မပဲ လွတ်သွားခဲ့တာလို့ ရထားကုမ္ပဏီက ဆိုပါတယ်။

အမျိုးသမီးကြီးကတော့ အသက်ဘေးက လွတ်ခဲ့ပေမဲ့ ခြေထောက်ရထားကြိတ်ခံခဲ့ရပြီး ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။ အခုအခါမှာတော့ ပြန်သက်သာလာခဲ့ပါပြီ။ လိုင်လီဘေကာရဲ့ ဆုံးဖြတ်ချက် မြန်ဆန်မှု၊ သတ္တိရှိမှုကို အများပြည်သူက ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး သူ့ရဲ့ကိုယ်ကျိုးစွန့် ကယ်တင်မှုကြောင့် အဘွားအို အသက်ဘေးက လွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။

Ref: Brave Teen Rescues Woman In Wheelchair Seconds Before Oncoming Train

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top