ကြည့်ရှုသူသန်း (၁၀၀) ကျော်နေတဲ့ BTS အဖွဲ့ရဲ့အွန်လိုင်းဖျော်ဖြေပွဲ

12-10-2020-yyl-006.jpg

ကိုရီးယားနာမည်ကြီးအဆိုအဖွဲ့ BTS ရဲ့ပရိသတ်တွေကတောာ့ မနေ့က သူတို့ရဲ့အွန်လိုင်းဖျော်ဖြေပွဲတစ်ခုကို ကြည့်ရှုခွင့်ရခဲ့ပါတယ်။ အွန်လိုင်းကနေကျင်းပတဲ့ဖျော်ဖြေပွဲဖြစ်ခဲ့ပေမဲ့ သေချာပြုလုပ်ထားတဲ့အမိုက်စားဖျော်ဖြေပွဲပါပဲ။ အွန်လိုင်းဖျော်ဖြေပွဲအမည်ကတော့ “Map of The Soul ON:E” ဖြစ်ပြီး အစက ပရိသတ်အကန့်အသတ်နဲ့ ကျင်းပဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ တောင်ကိုရီးယားအစိုးရက လူစုလူဝေးလုပ်တာကို တင်းကျပ်ထားတဲ့အတွက် အွန်လိုင်းကနေ ကျင်းပဖြစ်ခဲ့တာပါ။ ကိုဗစ်ဖြစ်ပွားနေတဲ့အတွက်ကြောင့် BTS အဖွဲ့ဟာ စီစဉ်ထားခဲ့တဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

BTS ရဲ့အေဂျင်စီ Big Hit Entertainment က အွန်လိုင်းဖျော်ဖြေပွဲကို လူတွေက ဘယ်လို ကြည့်ရှုရမလဲဆိုတာ ထုတ်ပြန်ခဲ့ခြင်းမရှိပေမဲ့ ကြည့်ရှုသူပရိသတ် သန်း (၁၄၀) ကျော် ရှိခဲ့ပါတယ်။ BTS အဖွဲ့ ဖျော်ဖြေတင်ဆက်နေတဲ့အချိန်မှာ BTSရဲ့ Lightstick တွေထားရှိထားတဲ့အတွက် ကမ္ဘာ့တစ်ဝှမ်းက ပရိသတ်ထောင်ပေါင်းများစွာ ကိုယ်တိုင်သွားအားပေးနေကြသလို အွန်လိုင်းက ပရိသတ်တွေမြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေ ကွန်မန့်ရေးလို့ရအောင်လည်း Chatroom တစ်ခုဖွင့်ပေးထားပါသေးတယ်။

ဆိုးလ်မြို့မှာလည်း ပရိသတ်တစ်ဦး ဖွင့်ထားတဲ့ BTS-Themed Cafe ဆိုင်မှာလည်း လူတချို့တလေက Masks တွေဝတ်ဆင်ပြီး အချင်းချင်းခပ်ခွာခွာနေရင်းနဲ့ ဖျော်ဖြေပွဲကို အတူတူကြည့်ရှုခဲ့ကြပါတယ်။ “ဒီလိုခက်ခဲနေတဲ့အချိန်မှာ သူတို့ရဲ့သီချင်းတွေက နှစ်သိမ့်မှုပေးခဲ့ပြီး ပရိသတ်တစ်ဦးလို ခံစားမိစေခဲ့တယ်။ သူတို့က အရာအရာ အဆင်ပြေသွားမှာပါလို့ သီချင်းဆိုရင် ပြောပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက လူတွေက သူတို့ကို ချစ်ကြတာလို့ ကျွန်မထင်တယ်” လို့ ဖျော်ဖြေပွဲကြည့်ပြီး မျက်ရည်ကျခဲ့ရတဲ့ အန်ဂျီဝန်ဆိုတဲ့ အသက် (၄၀) အမျိုးသမီးက ပြောပါတယ်။

မနေ့က အွန်လိုင်းဖျော်ဖြေပွဲမှာ BTS အဖွဲ့ဝင် Vကလည်း “ပရိသတ်တွေ ဒီနေရာမှာ မရှိပေမဲ့ ရှိနေသလို ခံစားရပါတယ်။ သူတို့ရဲ့ အားပေးသံတွေကို ကြားနေရသလိုပါပဲ။ နောက်တစ်ခေါက်ကျရင် အတူတူရှိကြရအောင်နော်”လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။

BTS အဖွဲ့ဟာ ၂၀၁၃ခုနှစ်ကစပြီး ပွဲဦးထွက်ကတည်းက ကမ္ဘာတစ်ဝှမ်းက ကေပေါ့စ်ပရိသတ်တွေကို သူတို့ရဲ့ဂီတ၊ အကတွေ၊ သီချင်းစာသားတွေ၊ လူငယ်တွေကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ရည်ရွယ်ခဲ့တဲ့ ကမ်ပိန်းတွေနဲ့ ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ BTS အဖွဲ့က ဇွန်လမှာ ကျင်းပခဲ့တဲ့ ပထမဆုံးအွန်လိုင်းဖျော်ဖြေပွဲမှာ နိုင်ငံ (၁၀၇) နိုင်ငံက ပရိသတ် ၇၅၇၀၀၀ နီးပါးကို ဆွဲဆောင်ထားနိုင်ခဲ့ပြီးတဲ့နောက် အွန်လိုင်းဖျော်ဖြေပွဲမှာ ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ Guinness World Records စံချိန်ကို ရရှိခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာလည်း BTS အဖွဲ့က အွန်လိုင်းဖျော်ဖြေပွဲကို ကျင်းပနေဆဲပါပဲ။

Ref: Reuters “K-pop titan BTS’s online concert draws global fans”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top