လက်တွေ့ဘဝရဲ့ စူပါဟီးရိုး ရှာဗက်ခရာပတ်ယန်

22.5.2023-yyl-7.jpg

လူ့အသက်ပေါင်းများစွာကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးနိုင်ခဲ့သူ ရှာဗက်ခရာပတ်ယန်ကို လက်တွေ့ဘဝရဲ့ သူရဲကောင်းကြီးလို့ သတ်မှတ်ထားကြပါတယ်။ အမြီးတပ်ရေကူးနည်းမှာ ကမ္ဘာ့ချန်ပီယံ ၁၇ ကြိမ် ဖြစ်ခဲ့ပြီး ကမ္ဘာ့စံချိန် ၁၁ ကြိမ် တင်နိုင်ခဲ့တဲ့ ခရာပတ်ယန်ဟာ အာမေးနီးယား ( ယခင် ဆိုဗီယက်ပြည်ထောင်စုဟောင်း) နိုင်ငံသားပါ။

၁၉၇၆ ခုနှစ်မှာ ခရာပတ်ယန်က သူ့အစ်ကိုနဲ့အတူ ယီရီဗန်ရေကန်ကြီးနားမှာ အပြေးလေ့ကျင့်နေတုန်း လျှပ်စစ်ဘတ်စ်ကားတစ်စီး ရေလှောင်ကန်ထဲ ထိုးကျသွားတာ လှမ်းတွေ့ခဲ့ပါတယ်။ သူဟာ ထုံးစံအတိုင်း ၁၂ မိုင် အကွာအဝေး အပြေးလေ့ကျင့်ထားပေမဲ့ ရေလှောင်ကန်ထဲ ခုန်ချပြီး ခရီးသည်တွေကို ရေငုပ်ကယ်တင်ခဲ့ပါတယ်။ ခရာပတ်ယန်ဟာ တစ်ကြိမ်ကို အကြိမ် ၂၀ ရေငုပ်ပြီး လူ ၃၇ ယောက်ကို ရေပေါ်ဆွဲတင်ပေးခဲ့တာပါ။ တခြားသူ ၉ ယောက်ကတော့ ကားမှန်တံခါးကို ခွဲပြီး သူတို့ဘာသာ ရေပေါ် တက်လာနိုင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ နေရာမှာ ကယ်ဆယ်ကုသရေး လုပ်ပေးခဲ့ပေမဲ့ လူ ၄၆ ယောက်ထဲမှာ လူ ၂၀ ပဲ အသက်ရှင်ခဲ့ပါတယ်။

တစ်ကြိမ်ကို ၂၅ စက္ကန့်နှုန်းနဲ့ အကြိမ် ၂၀ လောက် ရေငုပ်ပြီး လူတွေကို ကယ်ပေးခဲ့တဲ့ ခရာပတ်ယန်ဟာ ကားမှန်ကွဲစတွေ ဆူးတဲ့ဒဏ်၊ အဆုတ်ထဲ ရေဝင်သွားတဲ့ဒဏ်တွေကြောင့် ၄၅ ရက်လောက် ဆေးရုံတက်ခဲ့ရပြီး အဆုတ်ရောင်ရောဂါနဲ့ သွေးအဆိပ်သင့်တဲ့ ရောဂါတွေ ခံစားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ခရာပတ်ယန်ရဲ့ အားကစားသမားဘဝကို ထိခိုက်စေခဲ့ပါတယ်။ ဒါပေမဲ့ ခရာပတ်ယန်ဟာ အဆုတ်မကောင်းတဲ့ကြားကနေ ကမ္ဘာ့စံချိန် ထပ်တင်နိုင်ခဲ့တာပါ။

သူဟာ ၁၉၇၄ ခုနှစ်တုန်းကလည်း ချောက်ထဲ ထိုးကျတော့မယ့် ဘတ်စ်ကားတစ်စီးကို စတီယာရင် ဝင်ထိန်းပြီး ဘတ်စ်ကားပေါ်မှ ခရီးသည်တွေရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

Ref: Shavarsh Karapetyan

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top