ပိုလိုကစားရင်း မင်းသားဟယ်ရီ မြင်းပေါ်က ပြုတ်ကျခဲ့

13-6-2022-yyl14.jpg

ဇွန်လ ၁၂ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ the Santa Barbara Polo and Racquet Club မှာ မင်းသားဟယ်ရီ ပိုလိုကစားရင်း မြင်းပေါ်က ပြုတ်ကျခဲ့ပါတယ်။ ​သူ မြေကြီးပေါ်ကျသွားတဲ့အချိန် အခြားပိုလိုကစားသမားတွေက သူ အဆင်ပြေရဲ့လားသိရအောင်အပြေးလာခဲ့ကြပါတယ်။

ဟယ်ရီက တလိမ့်ခေါက်​ကွေးကျသွားခဲ့ပေမဲ့ ​​ပြန်ထပြီး ပိုလိုဂိမ်းကို ဆက်ပြီးကစားခဲ့ပါတယ်။ အခြားမြင်းကို ပြောင်းစီးတဲ့အချိန် သူ အဆင်ပြေတာကိုတွေ့ရပါတယ်။ ပိုလိုအားကစားက တိရစ္ဆာန်တွေအတွက် အရမ်းပင်ပန်းစေနိုင်တာကြောင့် ဟယ်ရီက ၁ နာရီအတွင်း မြင်း ၃ ကောင် ပြောင်းစီးခဲ့ရပါတယ်။

ဟယ်ရီရဲ့ဇနီး မီဂန်မာကယ်ကတော့ အဲဒီနေရာမှာမရှိတဲ့အတွက် မြင်းပေါ်က ပြုတ်ကျတာကို မမြင်ခဲ့ရပါဘူး။ ဟယ်ရီရဲ့အသင်းက ပိုလိုကစားတာမှာ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

ဟယ်ရီက ပိုလိုအားကစားအကြောင်း သူ့အစ်ကို မင်းသားဝီလျံနဲ့ မျှဝေလေ့ရှိပါတယ်။ သူတို့ရဲ့ဖခင် ချားလ်မင်းသားကလည်း အသက် ၄၀မှာ ပိုလိုကစားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၅ခုနှစ်၊ အသက် ၅၇ နှစ်မှာတော့ ပိုလိုကစားတာကို အနားယူခဲ့ပါတယ်။

Ref: Metro “Prince Harry fell off his horse and went through three animals during polo match”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top