ကွန်ပျူတာသုံးရတာ ပိုပြီးလွယ်ကူသွားစေမယ့် windows ကီး Shortcut များ

Computer-key-article.jpg

ကွန်ပျူတာကီးဘုတ်ပေါ်က windows ကီးကို Windows ပေါ်လာဖို့ပဲ သုံးနေတုန်းလား? တကယ်တော့ Ctrl + Shortcut တွေလိုပါပဲ…. Windows ကိုလည်း ကီးဘုတ်ပေါ်က တခြားစာလုံးတွေနဲ့ တွဲဖက်လို့ Shortcut အဖြစ် အသုံးပြုနိုင်ပါတယ်။ ဘယ်လိုတွေအသုံးပြုလို့ရလဲ ကြည့်ကြည့်ရအောင်… Windows ကီးကိုဖော်ပြရာမှာ Win လို့ပဲ ရေးသားသွားပါ့မယ်နော်..။

  • Win – ဒါတော့သိပါတယ်။ ကွန်ပျူတာ Start Menu ဖွင့်တာ ပိတ်တာပါ။
  • Win+ F1 – Windows Help and Support ဖွင့်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သိပ်မသုံးဖြစ်ကြလောက်ဘူး ထင်ပါရဲ့နော်..
  • Win + C – Charms ဖွင့်တာပါ။ Charms ဆိုတာကတော့ ကွန်ပျူတာ စခရင်ရဲ့ ညာဘက်ဘေးမှာ Search, Share, Start, Devices နဲ့ Settings ခလုတ်၅ ခုပါတဲ့ ဘားနဲ့ ကွန်ပျူတာ စခရင် ဘယ်အောက်ထောင့်မှာ အချိန်၊ နေ့စွဲ၊ ရက်၊ ဘက်ထရီနဲ့ အင်တာနက် စတာတွေ ပါတဲ့ အကွက်လေးတွေကို ခေါ်တာပါ။
  • Win + D – ဒါတော့ Display ကို Hide လုပ်တာပါ။ ဆိုလိုတာက ကိုယ်က တစ်ခုခုကို ဖတ်နေမယ်။ သူငယ်ချင်း တစ်ယောက်ယောက်က ဝင်လာလို့ သူတို့ကို မမြင်စေချင်ဘူးဆိုရင် Win+D သာ နှိပ်လိုက်!! ကွန်ပျူတာ Desktop ပဲ ပေါ်နေတော့မှာပါ။ ကိုယ်ဖွင့်ထားတာတွေ အားလုံး ခဏပျောက်သွားပါလိမ့်မယ်။ ပြန်ပေါ်ချင်ရင်လည်း Win + D သာ နှိပ်လိုက်ရုံပါပဲ။
  • Win + E – File Explorer ဖွင့်တာပါ။
  • Win + F – Search Charm ဖွင့်ပြီး ဖိုင်ရှာတာပါ။
  • Win + H – Share Charm ဖွင့်တာပါ။
  • Win + I – Setting Charm ဖွင့်တာပါ။
  • Win + K – Devices Charm ဖွင့်တာပါ။
  • Win + L – ကွန်ပျူတာကို Lock ချတာ၊ ဒါမှမဟုတ် User ပြောင်းတာတွေကို ဒီshort cut နဲ့ သုံးလို့ ရပါတယ်။
  • Win + M – Minimize လုပ်တာပါ။ Minimize လုပ်တာမှ ဖွင့်ထားသမျှ Window အားလုံးကို Minimize လုပ်သွားတာပါ။
  • Win + P – Presentation Display Mode ရွေးချယ်လို့ရပါတယ်။ Project Charm ပွင့်လာပြီး ရွေးရမှာပေါ့နော်..
  • Win + Q – Search ပါ။ ကွန်ပျူတာထဲက ဘယ်ဖိုင်ထဲမှာမဆို သူက ရှာပေးနိုင်ပါတယ်။
  • Win + R – ဒါကတော့ တော်တော်များများ သိထားပြီးသား ဖြစ်ပါလိမ့်မယ်။ Run dialog box ပါ။ ကွန်ပျူတာ အရမ်းလေးနေတာဖြစ်ဖြစ်၊ ဟန်းနေတာမျိုး ဖြစ်ဖြစ် ဒါလေးနှိပ်ပြီး အထဲက Cache တွေ ရှင်းလို့ ရပါတယ်။ အတော်ကို အသုံးဝင်တာလေးပေါ့နော်..
  • Win + T – Task Bar ပေါ်မှာ ရှိတဲ့ App တွေကို ရွေးချယ်နိုင်ပါတယ်။
  • Win + U – Ease of Access Center ကို ဖွင့်ပေးတာပါ။ ဒါတော့ သုံးခဲမယ် ထင်ပါတယ်နော်..
  • Win + X – Quick Link Menu ကို ဖွင့်ပေးပါတယ်။

ဒါဆိုရင်တော့ Windows Logo ကီးလေးကို တော်တော်သုံးတတ်လောက်ပြီ ထင်ပါရဲ့.. တခြား Tab နဲ့ တွဲတာတွေ၊ enter နဲ့ တွဲတာတွေရှိနေသေးပေမဲ့ အများကြီးဆိုမှတ်ရခက်နေမှာစိုးလို့ ဒီလောက်ပဲဖော်ပြပေးလိုက်ပါတယ်။ နောက်များကျမှ ပြန်ဆုံကြပါဦးစို့…။

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top