ကမ္ဘာ့အကြီးဆုံး အာကာသ အဝေးကြည့်မှန်ပြောင်းကို ပတ်လမ်းအတွင်း လွှတ်တင်

27.12.2021yyl7.jpg

အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ တန်ကြေးရှိတဲ့ ကမ္ဘာ့အကြီးဆုံး အာကာသ အဝေးကြည့်မှန်ပြောင်းကတော့ ကမ္ဘာမြေကနေ ထွက်ခွာသွားခဲ့ပါပြီ။ ဂျိမ်းစ်ဝက်ဘ် (James Webb) အဝေးကြည့်မှန်ပြောင်းကို အာရီယန်ဒုံးပျံပေါ် တင်ဆောင်ပြီး ပြင်သစ်ပိုင် ဂီနီကျွန်းပေါ်ရှိ ကူရူးဒုံးပျံလွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့တာပါ။ စကြဝဠာအကြောင်း ပိုသိရှိနားလည်စေဖို့ စကြဝဠာအစ ကြယ်တွေကို ဖော်ပြပေးမယ့် စီမံကိန်းအတွက် ဂျိမ်းစ်ဝက်ဘ် အဝေးကြည့်မှန်ပြောင်းကို လွှတ်တင်ခဲ့တာပါ။

ဂျိမ်းစ်ဝက်ဘ် အဝေးကြည့်မှန်ပြောင်းဟာ နာရီဝက်အကြာမှာပဲ ပတ်လမ်းထဲကို ရောက်ရှိသွားခဲ့ပြီး ကင်ညာနိုင်ငံ မာလင်ဒီမြို့ မြေပြင်ထိန်းချုပ်ရေးစခန်းကနေ အချက်ပြမှု ဖမ်းယူရရှိခဲ့ပါတယ်။ ဂျိမ်းစ်ဝက်ဘ် အဝေးကြည့်မှန်ပြောင်းဟာ ၁၉၉၀ ပြည့်နှစ်က လွှတ်တင်ခဲ့တဲ့ ဟက်ဘယ် (Hubble) အဝေးကြည့်မှန်ပြောင်းနေရာကို အစားထိုးဆက်ခံမှာဖြစ်ပြီး အဆ ၁၀၀ ပိုအားပြင်းပါတယ်။

ဂျိမ်းစ်ဝက်ဘ် အာကာသအဝေးကြည့်မှန်ပြောင်းရဲ့ ဗဟိုချက်မှာ ၆.၅ မီတာကျယ်ပြန့်တဲ့ ရွှေသားကြေးမုံပြင်ပါဝင်ပြီး ဟက်ဘယ်ရဲ့ ကြေးမုံပြင်ထက် ၃ ဆ ပိုကျယ်ပြန့်ပါတယ်။ ကြေးမုံပြင်ကျယ်ပြန့်သလို အထူးအာရုံခံနိုင်တဲ့ ကိရိယာ ၄ ခုပါ ထပ်ပေါင်းတပ်ဆင်ထားလို့ အာကာသယာဉ်မှူးတွေက အာကာသရဲ့နက်ရှိုင်းတဲ့နေရာအထိ ကြည့်ရှုနိုင်မှာဖြစ်ပြီး ကြန့်ကြာချိန် တိုတောင်းစေမှာပါ။

( အရာဝတ္တုတွေက ထုတ်လွှတ်တဲ့အလင်းကြောင့် မျက်စိမှာ ပုံရိပ်ပေါ်တဲ့ သဘောတရား) နေကနေ ကမ္ဘာမြေဆီ အလင်းရောက်ဖို့ ၈ မိနစ်ကြာမြင့်လို့ လူသားတွေက နေကို မြင်တွေ့ရချိန်မှာ ၈ မိနစ်နောက်ကျနေပြီး ဝေးလွန်းတဲ့ ကြယ်တွေဆိုရင် ကမ္ဘာမြေဆီ အလင်းရောက်ဖို့ ၄ နှစ်ဝန်းကျင် ကြာမြင့်တတ်လို့ လူသားတွေက ၄ နှစ်နောက်ကျပြီးမှ မြင်တွေ့ရတာပါ။ စကြဝဠာအစ ကြယ်တွေရဲ့ အလင်းတန်းတွေဟာ ကမ္ဘာမြေဆီရောက်ဖို့ နှစ်သန်းဘီလျံချီ အချိန်ယူခရီးနှင်နေပြီး ဂျိမ်းစ်ဝက်ဘ် အာကာသအဝေးကြည့်မှန်ပြောင်းကနေ အဲဒီကြယ်တွေကို လွန်ခဲ့တဲ့ နှစ်သန်းဘီလျံချီတုန်းကအတိုင်း မြင်တွေ့ရမှာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၅ ဘီလျံကျော်တုန်းက မဟာပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး သိပ်မကြာခင် စကြဝဠာတစ်ခုလုံး အမှောင်ဖုံးနေတာကို အဆုံးသတ်ပေးခဲ့တဲ့ စကြဝဠာအစ ကြယ်တွေရဲ့ အလင်းပို့လွှတ်မှု အချိန်အပိုင်းအခြားကိုလည်း အဓိကပစ်မှတ်ထား လေ့လာသွားမှာပါ။

ဂျိမ်းစ်ဝက်ဘ် အာကာသအဝေးကြည့်မှန်ပြောင်းဟာ ဝေးလံလွန်းတဲ့ ဂြိုဟ်တွေရဲ့လေထုတွေကို စစ်ဆေးကြည့်ရှုနိုင်မှာဖြစ်လို့ အဲဒီဂြိုဟ်တွေမှာ သက်ရှိတွေ နေနိုင်သလားဆိုတဲ့ သုတေသီတွေရဲ့ စူးစမ်းမှုအတွက်လည်း အထောက်အပံ့ဖြစ်စေမှာပါ။

Ref: BBC “James Webb Space Telescope lifts off on historic mission”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top