Bibiano Fernandes ချန်ပီယံခါးပတ်ပြန်ရနိုင်မည့် အချက် (၅)ချက်

Bibiano_Fernandes_1.0.jpg

ONE:A NEW ERA ပြိုင်ပွဲကြီးတွင် ကမ္ဘာ့အကောင်းဆုံးအားကစားသမားနှစ်ဦး ယှဉ်ပြိုင်ကြမည့် ပွဲစဉ်တစ်ပွဲရှိနေသည်။ ကီဗင် ဘယ်လင်ဂွန် (Kevin Belingon) သည် ONE ဘန်တန်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ပထမဆုံး ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဘီဘီယာနို ဖာနန်ဒက်ဇ် (Bibiano Fernandes) နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

The Silencer ဟု အမည်ပြောင်ရသည့် ကီဗင် ဘယ်လင်ဂွန် (Kevin Belingon) သည် ချန်ပီယံခါးပတ်ကို ဘီဘီယာနို ဖာနန်ဒက်ဇ် (Bibiano Fernandes) ထံမှ ရယူခဲ့ခြင်းဖြစ်သလို ယခုအခါ The Flash ဟုခေါ်ကြသော ဘရာဇီး ကိုယ်ခံပညာကစားသမားက မကျေပွဲပြန်လည်စိန်ခေါ်ထား ခြင်းဖြစ်သည်။

Bibiano Fernandes ၏ လွန်ခဲ့သည့် ၅ နှစ်ခန့်က အခြေအနေများကိုကြည့်လျှင် ၎င်းသည် ကမ္ဘာ့ချန်ပီယံခါးပတ် ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သော်လည်း ၂၀၁၈ နိုဝင်ဘာလတွင်မူ ဖိလစ်ပိုင် ကိုယ်ခံပညာကစားသမား Kevin Belingon ကို ရှုံးနိမ့်သွားခဲ့ဖူးသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ လာမည့် မတ်လ (၃၁)ရက်တွင် ကျင်းပမည့် ONE:A NEW ERA ပြိုင်ပွဲကြီး၌ The Flash က ချန်ပီယံခါးပတ်ကို ပြန်လည်ရယူသွားမည်ဟု ကြွေးကြော်ထားသည်။ မကျေပွဲပြန်လည်ထိုးသတ်သွားမည့် Fernandes ချန်ပီယံပြန်ဖြစ်နိုင်သည့် အချက်များအား ဖော်ပြပေးလိုက်ပါသည်။

(၁) နှစ်ပွဲဆက်တိုက် ရှုံးပွဲမရှိသေးခြင်း
Fernandes ၏ ကစားသမားဘဝကို ပြန်ကြည့်မည်ဆိုလျှင် မကြာခဏရှုံးပွဲကြုံနေရခြင်းမျိုး မရှိသေးပေ။ အထူးသဖြင့် ရှုံးပြီးသည့်နောက်ပိုင်း ပြန်လည်ယှဉ်ပြိုင်ရသည့် ပွဲများတွင် ရှုံးပွဲလုံးဝမရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ဘဝတွင် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခြင်းမှာ ရှားရှားပါးပါး တစ်ကြိမ်သာရှိခဲ့ပြီး ၂၀၀၇ ခုနှစ်က ကြုံခဲ့ရခြင်းဖြစ်သည်။

Fernandes နှင့် Belingon တို့၏ တွေ့ဆုံမှုသည် ယခုအခါတွင် တတိယအကြိမ် တွေ့ဆုံမှုဖြစ်ပြီး Fernandes ၏ ကစားသမားဘဝတစ်လျှောက် ဂျပန် ကိုယ်ခပညာကစားသမား Norifumi Yamamoto၊ အမေရိကန် ကိုယ်ခံပညာကစားသမား Urijah Faber တို့ကို နှစ်ပွဲဆက်တိုက်အရေးနိမ့်ခဲ့ဖူးသည်။ သို့သော် ၂၀၀၇ စက်တင်ဘာ(၁၇)ရက်က နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ၎င်း၏ဘဝတွင် နှစ်ပွဲဆက်တိုက် မရှုံးတော့သည်မှာ လက်ရှိအချိန်ထိဖြစ်သည်။

(၂) အန္တရာယ်ရှိနေဆဲဖြစ်သည့် ပွဲသိမ်းတိုက်ကွက်များ
Fernandes နှင့် Belingon တို့သည် ၂၀၁၆ ခုနှစ်တွင် ပထမဆုံးရင်ဆိုင်ဖူးပြီး ဘရာဇီးလ်ဂျူဂျစ်ဆု ခါးပတ်နက်ချန်ပီယံ Fernandes က ပထမအချီ၌ ဒိုင်ပွဲရပ်ဖြင့်အနိုင်ရခဲ့သည်။ အဆိုပါပွဲတွင် အရေးနိမ့်ခဲ့သည့် Belingon သည် ပြိုင်ဘက်၏ ပွဲသိမ်းတိုက်ကွက်များကို ပြန်လည် လေ့လာပြင်ဆင်၍ မကျေပွဲပြန်လည်စိန်ခေါ်ခဲ့သော်လည်း လွယ်လွယ်အနိုင်ရခဲ့ခြင်းမရှိဘဲ (၅)ချီတိုက်ပွဲအတွင်း အခက်တွေ့ခဲ့ရသေးသည်။

ဒုတိယအချီတွင် Fernandes မှာ အနိုင်ရရန်နီးစပ်ခဲ့ပြီး Belingon ၏ လက်ကိုအားနှင့် ချုပ်ကိုင်နိုင်ခဲ့သော်လည်း ဖိလစ်ပိုင် ကစားသမားက ရုန်းထွက်နိုင်ခဲ့သည်။ စတုတ္ထအချီတွင်လည်း Fernandes က လက်နှင့်ချုပ်နိုင်ခဲ့သေးပြီး Belingon ကလည်း ထပ်မံရုန်းထွက်ပြနိုင်ခဲ့ပြန်သည်။

Fernandes ကတော့ ယခုအကြိမ်တွင် Belingon ကို အလဲထိုးကာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူနိုင်သည့် လက်ရည်ရှိနေပြီဟု ယုံကြည်ထားသည်။ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်ကထက် အနည်းငယ်ပြင်ဆင်ကာ လက်ရည်တိုးတက်အောင် ပြုလုပ်နိုင်ခဲ့လျှင်ပင် အောင်ပွဲခံနိုင်မည်ဟု ယူဆထားသည်။

(၃) ပွဲတစ်ပွဲအပေါ် အဆုံးအဖြတ်ပေးနိုင်စွမ်းရှိခြင်း
၎င်းတို့နှစ်ဦး ၂၀၁၈ နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံတွင် ရင်ဆိုင်ခဲ့သည့် ONE:HEAET OF THE LION ပြိုင်ပွဲကြီး၌ Belingon က ၎င်း၏တိုက်ကွမ်ဒိုခံစစ်ကစားပုံ တိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့နိုင်သည်။ The Flash က အထင်ကြီးလောက်သည့်နပမ်းကစားပုံကိုပြသကာ Brlingon ကို ကြမ်းပြင်ပေါ် အကြိမ်ပေါင်းများစွာ လှဲချနိုင်ခဲ့သည်။

Belingon က ၎င်းကျွမ်းကျင်သည့် တိုက်ကွမ်ဒိုကန်ချက်များဖြင့် အကောင်းဆုံးအသုံးချကာ Fernandes ကို ဖိ အားပေးခဲ့သော်လည်း ဘရာဇီးကိုယ်ခံပညာကစားသမားက ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို အသုံးပြု၍ ခုခံနိုင်ခဲ့သည်။ Fernandes သည် နောက်ပိုင်းအချီများတွင် ထောင့်ပိတ်တိုက်ခိုက်မခံရသေးခင်အထိ အကောင်းဆုံးလက်ရည်ဖြင့် ဖိအားပြင်းပြင်းပေးနိုင်ခဲ့သေးသည်။ တစ်ကြိမ်တွင်မူ Fernandes က Team Lakay အသင်းသား Belingon ကို ကြမ်းပြင်ပေါ် လှဲချနိုင်ခဲ့သေးသည်။

အကယ်၍ Fernandes သာ ၎င်း၏လက်ရည် တိုးတက်ထက်မြက်လာအောင်အားထုတ်ထားပါက ယခု တတိယအကြိမ်တွေ့ဆုံပွဲမှာ လက်ရှိချန်ပီယံ Belingon အတွက် နောက်တစ်ကြိမ် ခက်ခက်ခဲခဲရင်ဆိုင်ရမည့်ပွဲစဉ် တစ်ပွဲဖြစ်လာပေမည်။

(၄) စိန်ခေါ်သူတစ်ယောက်၏ စိတ်အားထက်သန်မှု
စိတ်ဓာတ်လှုံ့ဆော်မှုသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားတိုင်းအတွက် အောင်မြင်မှုရယူနိုင်ရေးတွင် အဓိက အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေသည်။ အသက် ၃၈ နှစ် အရွယ် Fernandes က ၎င်းထက် ၇ နှစ်ငယ်သည့် ဖိလစ်ပိုင်ကစားသမားနှင့်ပွဲအတွက် ဓိတ်ဓါတ်ပိုင်းဆိုင်ရာတွင် အကောင်းဆုံးလှုံ့ဆော်မှုပြုလုပ်ထားသည်။

၂၀၁၈ ဒုတိယအကြိမ်တွေ့ဆုံစဉ်က ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ Fernandes အံ့အားသင့်မိခဲ့ရသည်။ ဒိုင်လူကြီးက အမှတ်ပေးဒိုင် ၃ ဦးအနက် ၂ ဦး က Belingon ကိုအနိုင်ပေးလိုက်ကြောင်း ကြေညာချိန်တွင် မယုံကြည်နိုင်သည့် အမူအယာဖြင့် ခေါင်းကိုယမ်းခါသွားခဲ့ရသည်။ ဘန်တန်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ် ဆုံးရှုံးလိုက်ရသည့် စိတ်ထိခိုက်ကြေကွဲစရာထိုအချိန်ကာလကို Fernandes မည်သို့မျှ မမေ့နိုင်ပါ။

ယခုတော့ လက်စားချေခွင့်ရရှိမည့်အခွင့်အရေး ပြန်ရလာပြီဖြစ်သည်။ ရွှေခါးပတ်ပြန်လည်ရရှိရန်အတွက် Fernandes သည် ကိုယ့်ကိုကိုယ် အမြဲတမ်း စိတ်ဓာတ်လှုံ့ဆော်မှုပြုလုပ်နေသည်ဆိုပါက သံသယရှိစရာမလိုပေ။ လက်လွှတ်လိုက်ရသည့် ဘန်တန်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကို ယခုအကြိမ်တွင် ပြန်လည်ပိုင်ဆိုင်ခွင့်ရမည်ဟုလည်း Fernandes က ယုံကြည်နေသည်။

(၅) ကစားသမားအနည်းငယ်သာ ပိုကောင်းအောင်ကြိုတင်ပြင်ဆင်နိုင်ခြင်း
Fernandes သည် Belingon နှင့် တတိယအကြိမ် ရင်ဆိုင်ရမည့်ပွဲစဉ်အတွက် အားကစားရုံတွင် UFC ဖလိုင်းဝိတ် ကစားသမားဟောင်း Demetrious Johnson နှင့်အတူ လေ့ကျင့်လျက်ရှိနေသည်။ ယခင်က ယခုကဲ့သို့ UFC ချန်ပီယံဟောင်းနှင့်အတူ တွဲဖက်လ့ကျင့်မှုမျိုးမရှိခဲ့ဖူးပေ။ Fernandes နှင့်အတူ လေ့ကျင့်လျက်ရှိသည့်
အမေရိကန်ကစားသမား Johnsonသည်လည်း မတ်လ ၃၁ ရက်ပွဲတွင် ONE Championship ၌ ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Johnson မှာ ထိပ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများအနက် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ရာ ၎င်းနှင့်အတူ တွဲဖက်လေ့ကျင့်ရခြင်းက Belingon နှင့်ပွဲအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်ထားနိုင်ခြင်းလည်း ဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူထက် အဖက်ဖက်မှပိုကောင်းမွန်လာစေရန် အကူအညီများပေးနိုင်လိမ့်မည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top