ဘာသာစကား အသစ်တစ်ခု လေ့လာခြင်း၏ ကောင်းကျိုးများ

unnamed.png

စာဖတ်ပရိတ်သတ်များ အနေနှင့် ယနေ့ခေတ်၏ နိုင်ငံတကာနှင့် ဆက်သွယ်ရေး နှင့် ပြောဆိုဆက်ဆံရေး မြင့်မားလာသည် နှင့်အမျှ မိမိစိတ်ဝင်စားသည့် ဒုတိယ ဘာသာစကား တစ်ခုကို လေ့လာသင်ယူထားလျှင် များစွာအကူအညီ ဖြစ်ပေမည်။ ဘာသာစကား ရွေးချယ်ရာတွင် မိမိ၏ လုပ်ငန်းခွင်တွင် အကျိုးပြုနိုင်သည့် ဘာသာစကား နှင့် မိမိ အနာဂတ် နေထိုင်မှုပုံစံကို အကျိုးပြုမည့် ဘာသာစကားကို စဥ်းစား ရွေးချယ် သင့်သည်။ ထိုသို့ တတ်မြောက်ထားခြင်းဖြင့် အိမ်နီးချင်း နိုင်ငံများမှ စ၍ ကမ္ဘာ့ နိုင်ငံကြီးများမှ အခွင့်အလမ်းများစွာကို ရရှိနိုင်ရန် အားသာချက် တစ်ခုလည်း ဖြစ်သည်။ စာဖတ်သူများအား ဘာသာစကား အသစ်တစ်ခုကို လေ့လာသင်ယူရန် တိုက်တွန်းသည့် အနေဖြင့် ဘာသာစကားအသစ် လေ့လာခြင်းဖြင့် ရရှိနိုင်မည့် အောက်ပါ အကျိုးကျေးဇူးများ အားဖော်ပြပေးလိုက်ပါသည်။

အများနှင့် ချိတ်ဆက်ပေးခြင်း

စကားအရာမှာ ကျွမ်းကျင်စွာ ပြောဆိုတတ်လျှင် အများနှင့် ဆက်သွယ် ပြောဆိုရာ၌ အလွန်ပင် အကျိုးသက်ရောက်မှုရှိသည်။ အလားတူပင် အလုပ်ခွင်မှ နိုင်ငံခြားသား လုပ်ဖော်ကိုင်ဖက် နှင့်ဖြစ်စေ နိုင်ငံခြားသား မိတ်ဆွေ နှင့်ဖြစ်စေ သူတို့၏ ဘာသာစကားဖြင့် ကျွမ်းကျင်စွာ ပြောဆိုတတ်လျှင် မိတ်ဆွေအပေါင်းအသင်း တိုးရုံသာမက အလုပ်အကိုင် အခွင့်အလမ်းများပင် ရရှိနိုင်မည် ဖြစ်သည်။ ဘာသာစကား အသစ်တစ်ခု တတ်မြောက်ထားခြင်းကြောင့် ပိုမိုကျယ်ပြန့်သော လူမှုကွန်ရက်တွင် ဝင်ဆံ့လာမည် ဖြစ်သည်။

လုပ်ငန်းခွင်တွင် အကျိုးရှိခြင်း

နိုင်ငံခြားဘာသာစကား ကျွမ်းကျင်တတ်မြောက်ခြင်းသည် လုပ်ငန်းခွင်တွင် ပြိုင်ဆိုင်မှုအတွက် အားသာချက် တစ်ခုဖြစ်သည်။ အလုပ်အကိုင် ရှာဖွေရာတွင် အခြားသော အဓိက အရည်အချင်းများ ကဲ့သို့ ဘာသာစကား အရည်အချင်း လိုအပ်ချက်သည် ဦးစားပေးထည့်သွင်း စဥ်းစားလာကြသည်။ အလုပ်ရှင်များသည် လုပ်ငန်းကျွမ်းကျင်ခြင်း နှင့် နိုင်ငံခြားရှိ customers များနှင့် ပြေပြစ်စွာ ပြောဆို လုပ်ဆောင်နိုင်သူများကိုပင် အလုပ်ခန့်ရာတွင် ဦးစားပေး စဥ်းစားကြသည်။
Foreign language study concept background – stack of dictionaries isolated on white background[/caption]

ဦးနှောက် မှတ်ဉာဏ်အား ကောင်းခြင်း

သိပ္ပပညာရှင်များ၏ လေ့လာစမ်းသပ်ချက်အရ ဘာသာစကားတစ်ခုအထက် ပြောဆိုသူတွင် ဦးနှောက် မှတ်ဉာဏ်အား ကောင်းခြင်း၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း မြင့်မားခြင်း၊ ဖြတ်ထိုးဉာဏ်ကောင်းခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊ ကိစ္စများကို တပြိုင်နက်တည်း ဆောင်ရွက်နိုင်ခြင်း နှင့် နားထောင်နိုင်စွမ်း ပိုမြင့်မားလာခြင်း အစရှိသည့် ကောင်းကျိုးများအား လေ့လာစမ်းသပ်တွေ့ရှိသည်။

အခြာသော ယဥ်ကျေးမှုများဖြင့် ဆက်နွယ်ပေးခြင်း

ဘာသာစကား နှင့် ယဥ်ကျေးမှုသည် တိုက်ရိုက်ဆက်သွယ်လျှက်ရှိသည်။ ဘာသာစကားတစ်ခုကို တတ်မြောက်ခြင်းဖြင့် အယူအဆ၊ ရိုးရာ၊ သမိုင်းကြောင်း နှင့် ဘာသာတရားကို ထပ်ဆင့်လေ့လာနိုင်မည့် အခွင့်အလမ်း တစ်ခုပင်ဖြစ်သည်။

ကမ္ဘာပတ်ခရီးသွား နိုင်ခြင်း

မိမိသွားရောက်မည့် နိုင်ငံ၏ ဘာသာစကားကို တတ်မြောက်ခြင်းဖြင့် ခရီးသွားလာရာတွင် အထောက်အကူ ဖြစ်သလို ဒေသခံများ၏ အကူအညီများစွာကိုလဲ ရနိုင်သည်။
စာဖတ်သူများ အနေနှင့် ဘာသာစကားရွေးချယ်ရာ၌ ဘာသာစကား ရွေးချယ်ရခက်နေလျှင် အဂႅလိပ် ဘာသာစကားကို မိမိ၏ ဒုတိယဘာသာ စကားဖြင့် လေ့လာသင့်ကြောင်း တိုက်တွန်းလိုပါသည်။ အကြောင်းမှာ အဂႅလိပ် ဘာသာစကားသည် နိုင်ငံတကာသုံး ဘာသာစကား တစ်ခုဖြစ်သည်။ စာဖတ်သူသည် အဂႅလိပ် ဘာသာစကား တတ်မြောက်ပြီဆိုလျှင် ကမ္ဘာပတ် ခရီးသွားနိုင်ပြီ ဖြစ်သည်။ ကိုယ်ပိုင်ဘာသာ စကားအား အလေးထားပြောဆိုကြသည့် နိုင်ငံများ၌ပင် အဂႅလိပ် ဘာသာစကားကို လူအများ တတ်မြောက် ပြောဆိုနိုင်ကြသည်။ နိုင်ငံတကာတွင် နေ့လုပ် နေ့စား အလုပ်သမားများဖြစ်သည့် Taxi ကားဆရာများ၊ Bus ကားဆရာများ၊ လမ်းဘေးစျေးသည် များပင် အဂႅလိပ် ဘာသာစကား၏ အဓိက စကားလုံးများ အနည်းအကျဥ်း တတ်မြောက်ခြင်းဖြင့် စီးပွားပို ဖြစ်ထွန်းသည်။ ထို့အပြင် ခရီးသွားများ အနေနှင့်လည်း လိုရာခရီးကို ရောက်နိုင်မည်။

နိုင်ငံတကာ ကုမ္ပဏီများတွင် အဂႅလိပ် ဘာသာစကားကိုသာ အဓိသာ အသုံးပြုကြသည့် အတွက် မိမိသည် အဂႅလိပ် ဘာသာစကား ပြောတတ်မည်ဆိုလျှင် အလုပ်ရှာရာတွင် အထောက်အကူ ဖြစ်မည်။ အဂႅလိပ် ဘာသာစကား ကို ကျွမ်းကျင်စွာ ပြောဆို နိုင်ခြင်းဖြင့် လုပ်ငန်းခွင်တွင် မိမိ၏ အကြံဉာဏ် နှင့် ထင်မြင်ယူဆချက် ကို ကောင်းစွာထုတ်ဖော် ပြောဆို နိုင်မည်ဖြစ်သည်။ ထိုသို့ ပြောဆိုနိုင်ခြင်းဖြင့် လူအများ၏ လေးစား ချစ်ခင်ခြင်းကို ရရှိနိုင်မည် ဖြစ်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top