ငွေကြေးမတတ်နိုင်တဲ့ အဘွားအိုအတွက် အခမဲ့ခြံရှင်းပေးခဲ့သူက အလှူငွေ ဒေါ်လာ ၇ သိန်းကျော် ရအောင် လုပ်ဆောင်ပေးခဲ့

15.1.2025-yyl-1.jpg

ကြင်နာသနားတတ်တဲ့ အမျိုးသားတစ်ဦးဟာ ငွေကြေးမတတ်နိုင်တဲ့ အဘွားအိုအတွက် အခမဲ့ ခြံရှင်းပေးခဲ့တဲ့အပြင် အလှူငွေ ဒေါ်လာ ၇ သိန်းကျော် ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

SB Mowing ခြံရှင်းလုပ်ငန်း တည်ထောင်ထားတဲ့ စပန်ဆာကို သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီး အဘွားအို ဘက်အကြောင်း ပြောပြခဲ့တာပါ။ အဘွားအို ဘက်ရဲ့ခြံထဲမှာ မြက်ပင်တွေ ရှည်နေပြီး ခြံမရှင်းနိုင်ရင် ပြုပြင်ထိန်းသိမ်းစရိတ် ဒေါ်လာ ၂၄၀ ပေးဆောင်ရမယ်လို့ မြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတိပေးခြင်းခံထားရတာပါ။

စပန်ဆာ ရောက်သွားတော့ အဘွားအို ဘက်က သူ့ကို အားကိုးတကြီးနဲ့ ဖြစ်ကြောင်းကုန်စင် ပြောပြရင်း မျက်ရည်တွေ စီးကျနေခဲ့တာပါ။ စပန်ဆာဟာ ဘက်ရဲ့ခြံကို အခမဲ့ ရှင်းပေးခဲ့ပြီး ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။ ဗီဒီယိုကြည့်သူတွေက အခက်အခဲ ကြုံနေတဲ့ အဘွားအို ဘက်အတွက် ကူညီပေးချင်တယ်လို့ ကမ်းလှမ်းလာချိန်မှာတော့ အလှူငွေ ဒေါ်လာ ၁ သိန်းလောက်ရဖို့ ရည်မှန်းပြီး GoFundMe ရန်ပုံငွေ ထူထောင်ခဲ့တာပါ။

အဘွားအိုဘက်ကို ကူညီပေးချင်သူ အများအပြား ထွက်ပေါ်လာခဲ့ပြီး အလှူရှင် ၂၈၀၀၀ ကျော်က အလှူငွေ ဒေါ်လာ ၇ သိန်းကျော် ထည့်ဝင်လှူဒါန်းပေးခဲ့ကြတာပါ။

Ref: Kansas Man Mowing Lawns For Free Helps Raise Over $700,000 For Elderly Woman In Need
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top