နှစ် ၅၀ အတွင်း အမြင့်ဆုံး ဒီရေတက်လို့ ဗင်းနစ်မြို့ ရေဖုံးလွှမ်း

yyl-008-7.jpg

အီတလီနိုင်ငံရဲ့ အထင်ကရမြို့ဖြစ်တဲ့ ဗင်းနစ်မြို့မှာ အမြင့် ၆ ပေအထိ ရေဖုံးလွှမ်းခဲ့လို့ အရေးပေါ်အခြေအနေ ကြေညာရလုနီးပါး ဖြစ်နေပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ ဗင်းနစ်မြို့ဟာ နှစ် ၅၀ ကျော်အတွင်း အမြင့်ဆုံး ဒီရေတက်မှု ကြုံခဲ့ရလို့ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကျော် ရေဖုံးလွှမ်းခဲ့ပြီး သမိုင်းဝင်ဘုရားကျောင်းထဲ ရေဝင်ခဲ့သလို နေအိမ်တွေလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။

ဗင်းနစ်မြို့ ရေဖုံးလွှမ်းနေတဲ့ကိစ္စက အီတလီနိုင်ငံ အရှိုက်ထိုးခံရသလိုပဲလို့ အီတလီဝန်ကြီးချုပ် ဂူဆက်စပီကွန်တီက မှတ်ချက်ပေးခဲ့ပါတယ်။ ဗင်းနစ်မြို့ ရေဖုံးလွှမ်းခံရချိန်မှာ ငွေအား၊ လူအား ပံ့ပိုးပေးနိုင်ဖို့ အစိုးရက အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ ကွန်တီက ပြောပါတယ်။ ဗင်းနစ်မြို့ရဲ့ အနိမ့်ဆုံးနေရာတစ်ခုဖြစ်တဲ့ စိန့်မက်ခ်ရင်ပြင်ကတော့ ရေကြီးရေလျှံမှု အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် နှစ် ၅၀ ကျော်အတွင်း အမြင့်ဆုံးဒီရေတက်မှု ကြုံခဲ့ရတာလို့
ဗင်းနစ်မြို့တော်ဝန် ဘရက်ဂ်နာရိုက ပြောပါတယ်။ စိန့်မက်ခ်ဘုရားရှိခိုးကျောင်းရဲ့ မြေအောက်ခန်းကတော့ ရေဖုံးလွှမ်းခံနေရပြီး ဘုရားကျောင်းရဲ့ ကွန်ကရစ်တိုင်တွေ ပျက်စီးသွားမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top