သဘာဝဘေး အန္တရာယ်အတွက် ကြိုတင် ပြင်ဆင်ထား နိုင်ရန် ကမ္ဘောဇဘဏ်က ငွေကျပ် ၅၆ သန်းကျော် တန်ဖိုးရှိ အသက်ကယ်လှေများ လှူဒါန်း

kbzdonation03.jpg

ကမ္ဘောဇဘဏ်မှ မိုးသည်းထန်စွာ ရွာသွန်းသည့် ကာလအတွင်း မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများတွင် သဘာဝဘေးအန္တရာယ်နှင့် လူသားချင်း စာနာဖေးမ မှုဆိုင်ရာ အခက်အခဲများ လျော့နည်းစေရန် ငွေကျပ် (၅၆) သန်းကျော် တန်ဖိုးရှိ အသက်ကယ်ဖိုင်ဘာလှေများ ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းမှုကို ၂၀၁၉ ခုနှစ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)သို့ လှူဒါန်းခဲ့ပြီးဖြစ်ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီး စသည့် ပြည်နယ်နှင့်တိုင်း (၅) ခုအတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် အသက်ကယ်လှေ (၂၆) စင်း အသင့်ရှိနေပြီ ဖြစ်သည်။

သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ကမ္ဘောဇဘဏ်က ငွေကျပ် ၅၆ သန်းကျော် တန်ဖိုးရှိ အသက်ကယ်လှေများ လှူဒါန်း

ယခင် ကြုံတွေ့ခဲ့ရသည့် ကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံများကိုအခြေခံ၍ သင့်တော်မှုအရှိဆုံး အသက်ကယ်လှေ အရွယ်အစား၊ ပုံစံအမျိုးမျိုးကို လေ့လာအကဲဖြတ်ပြီး ကမ္ဘောဇဘဏ်၏ လှူဒါန်းမှုအတွက် ပွင့်လင်းမြင်သာမှုရှိစွာ တင်ဒါခေါ်ယူကာ ဝယ်ယူခဲ့ပါသည်။ အသက်ကယ်ဖိုင်ဘာလှေ (၂၆) စင်းအနက် (၉) စင်းကို ရန်ကုန်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသော (၁၇) စင်းကို မြို့နယ် (၁၄) ခုသို့ အသီးသီး ပေးအပ်ခဲ့ပြီး ဖြစ်သည်။

သဘာဝဘေး အန္တရာယ်အတွက် ကြိုတင် ပြင်ဆင်ထား နိုင်ရန် ကမ္ဘောဇဘဏ်က ငွေကျပ် ၅၆ သန်းကျော် တန်ဖိုးရှိ အသက်ကယ်လှေများ လှူဒါန်း

၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရသည့် မွန်ပြည်နယ်ရှိ ဒေသခံ ပြည်သူများအတွက် Yangon Rescue Organization သို့ ငွေကျပ် (၃၅) သန်း လှူဒါန်းခဲ့ပြီးနောက် ယခုကဲ့သို့ အသက်ကယ်လှေများ ထပ်မံ လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top