Samsung ရဲ့ Galaxy AI ကို One UI 6.1 Update တင်ရုံဖြင့် Galaxy ထုတ်ကုန်များမှာပါ အသုံးပြုနိုင်မည်

6.4.24-yyl-5.jpg

Samsung Galaxy S24 Series မှာသာ ရရှိခဲ့တဲ့ Galaxy AI ကို Galaxy S23 series၊ S23 FE၊ Z Fold5၊ Z Flip5 နဲ့ Tab S9 series တို့တွင် အသုံးပြုနိုင်

အထက်ပါ ဖုန်း ၊ တက်ဘလက်များကို ဝယ်ယူပြီး ၇ သိန်းကျပ်အထိ ငွေသားလက်ဆောင်ရမယ့် ပရိုမိုးရှင်းကိုလည်း Samsung Myanmar က ပြုလုပ်လျက်ရှိ။

Samsung Electronics Co., Ltd ဟာ Galaxy AI နဲ့အတူ မိုဘိုင်း AI ရဲ့ ခေတ်သစ်တစ်ခုကို ဖန်တီးနေတာနဲ့အညီ Galaxy AI ရဲ့ လုပ်ဆောင်ချက်တွေကို Galaxy S24 Series မှာတင်မကဘဲ နောက်ထပ် Galaxy ထုတ်ကုန်တွေမှာပါ ရရှိနိုင်အောင် ယူဆောင်ပေးလာပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လကုန်ပိုင်းကစတင်ပြီး One UI 6.1 Update အသစ်နဲ့အတူ Galaxy AI ရဲ့ လုပ်ဆောင်ချက်တွေကိုပါ ရရှိလာတော့မယ့် Samsung ရဲ့ Galaxy ထုတ်ကုန်တွေကတော့ Galaxy S23 Series၊ Galaxy S23 FE၊ Galaxy Z Fold5၊ Galaxy Z Flip5 နဲ့ Galaxy Tab S9 Series တို့ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ စွမ်းဆောင်ရည်မြင့် Galaxy S24 Series မှာလိုပဲ on-device နဲ့ cloud-based AI နှစ်ခုပေါင်းစပ်ပေးထားတဲ့ AI လုပ်ဆောင်ချက်တွေကြောင့် ယခု Update ဟာ သုံးစွဲသူတွေအတွက် မိုဘိုင်း AI သုံးစွဲမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်စွာ ခံစားရနိုင်စေမှာပါ။

“Galaxy AI နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ မိုဘိုင်း AI ရဲ့ ခေတ်သစ်ကို ရှေ့ဆောင်ဖန်တီးနိုင်ရုံတင်မကဘဲ အသုံးပြုသူတွေအတွက် AI ကို ပိုမိုလက်လှမ်းမီနိုင်အောင် ဖန်တီးပေးချင်တာပဲဖြစ်ပါတယ်။ Galaxy AI အတွက် ဒါက အစပဲရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၄ ခုနှစ်အတွင်းမှာ Galaxy အသုံးပြုသူ သန်း ၁၀၀ ကျော်ဆီ Galaxy AI အတွေ့အကြုံကို ယူဆောင်လာဖို့အတွက် စီစဉ်နေသလို၊ မိုဘိုင်း AI ရဲ့ အကန့်အသတ်မဲ့တဲ့ ဖြစ်နိုင်ချေတွေကို အသုံးချနိုင်ဖို့ အတွက်လည်း ဆက်လက်ဆန်းသစ်တီထွင်နေတာကြောင့်ပဲဖြစ်ပါတယ်။” လို့ Samsung Electronics ရဲ့ Mobile eXperience Business မှာ President နဲ့ Head တာဝန်ယူထားတဲ့ TM Roh က ပြောကြားခဲ့ပါတယ်။

အကန့်အသတ်တွေကို ကျော်လွှားနိုင်လာတဲ့ ဆက်သွယ်မှု

Galaxy AI ရဲ့ လုပ်ဆောင်ချက်တွေကို သတ်မှတ် မော်ဒယ်တွေမှာပါ ထပ်တိုး ထည့်သွင်းပေးလာတဲ့အတွက် ပိုများတဲ့ Galaxy အသုံးပြုသူတွေက ပိုမိုအဆင့်မြင့်ကောင်းမွန်လာတဲ့ Galaxy AI ရဲ့ ဆက်သွယ်ရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို အသုံးချနိုင်လာတော့မှာ ဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်ချက်တွေမှာ စာတိုပေးပို့တဲ့အခါ အသုံးပြုလိုတဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန်အသုံးအနှုန်း (သို့) ပေါ့ပေါ့ပါးပါး အသုံးအနှုန်းစသဖြင့် လိုအပ်သလို ချိန်ညှိနိုင်တဲ့အပြင် ဘာသာစကား ၁၃ မျိုးအထိ ဘာသာပြန်ပေးနိုင်တဲ့ Chat Assist လုပ်ဆောင်ချက်၊ ဘာသာစကား မတူညီသူတွေတဲ့ ဖုန်းခေါ်ဆိုမှုတွေမှာ အသံရော စာသားနဲ့ပါ အချိန်နဲ့တပြေးညီ ဘာသာပြန်ဆိုပေးနိုင်တဲ့ Live Translate လုပ်ဆောင်ချက်တွေလည်း ပါဝင်သွားမှာပါ။ Interpreter လုပ်ဆောင်ချက်ကလည်း နိုင်ငံရပ်ခြားခရီးတွေသွားရင်း ဘာသာစကားမတူညီတဲ့ ဒေသခံတွေနဲ့ ဆက်သွယ်ပြောဆိုရတဲ့အခါ Split-screen လုပ်ဆောင်ချက်နဲ့ ပြောဆိုနေတဲ့ စကားတွေကို အချိန်နဲတပြေးညီ ဘာသာပြန်ပေးနိုင်တာဖြစ်လို့ ဆက်သွယ်ပြောဆိုမှုတိုင်းကို ပိုမိုလွယ်ကူအဆင်ပြေလာစေမှာပဲဖြစ်ပါတယ်။

အပြိုင်အဆိုင်ကင်းတဲ့ လုပ်ဆောင်နိုင်စွမ်းအား

Galaxy Ecosystem မှာ Galaxy AI ပါဝင်လာတဲ့အတွက် အသုံးပြုသူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူချောမွေ့စေပြီး ပိုမိုတိုးတက်လာတဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်နိုင်စေမှာဖြစ်ပါတယ်။ လူကြိုက်အများဆုံး Galaxy AI လုပ်ဆောင်ချက်တွေထဲကတစ်ခုဖြစ်တဲ့Circle to Search လုပ်ဆောင်ချက်လည်း ပါဝင်လာတာဖြစ်ပြီး ဖုန်းမျက်နှာပြင်ပေါ်ကနေ သိလိုသမျှကို တစ်ချက် ဝိုင်းလိုက်ရုံနဲ့ Google ကနေ အချက်အလက်များစွာကို လွယ်ကူလျှင်မြန်စွာ ပြသပေးသွားမှာပါ။ မှတ်သားထားတဲ့ မှတ်စုတွေကို ပိုမို စနစ်ကျအောင်စီစဉ်ပေးနိုင်ပြီး၊ ကြည့်ရှုရရှင်းလင်းလွယ်ကူအောင် အနှစ်ချုပ်ပေးနိုင်တဲ့အပြင် ဘာသာပါပြန်ပေးနိုင်တဲ့ Note Assist လုပ်ဆောင်ချက်၊ အွန်လိုင်းပေါ်က သတင်းဆောင်းပါးတွေကို မြန်မြန်ဆန်ဆန် ဖတ်ရှုနိုင်စေဖို့ ပြီးပြည့်စုံစွာ အနှစ်ချုပ်ပေးနိုင်တဲ့ Web Assist လုပ်ဆောင်ချက် နဲ့ အစည်းအဝေးတွေက အသံမှတ်တမ်းတွေကို စာသားအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တဲ့အပြင် အနှစ်ချုပ်ပေးပြီး ဘာသာပါ ပြန်ပေးနိုင်တဲ့ Transcript Assist လုပ်ဆောင်ချက် စတဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေကလည်း လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်ပြီး လွယ်ကူစွာပြီးမြောက်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။​

အဆုံးအစမဲ့ စိတ်ကြိုက် တီထွင်ဖန်တီးနိုင်စွမ်း

နောက်ဆုံးပေါ် One UI 6.1 Update မှာပါဝင်လာတဲ့ Galaxy AI လုပ်ဆောင်ချက်တွေမှာ ဓါတ်ပုံရိုက်ပြီးချိန်မှာတောင် မိမိလိုချင်သလို ဖန်တီးပြုပြင်နိုင်မယ့် လုပ်ဆောင်ချက်တွေလည်း စုံလင်စွာ ပါဝင်လာပါသေးတယ်။ Galaxy AI ပါဝင်လာတဲ့ သတ်မှတ်ထုတ်ကုန်တွေမှာ Generative Edit နဲ့ ဓာတ်ပုံတွေကို အပြီးပြည့်စုံဆုံးဖြစ်စေဖို့ ဓာတ်ပုံထဲကအရာတွေကို အရွယ်အစား ချုံ့ (သို့) ချဲ့တာ၊ နေရာပြောင်းလဲချထားတာနဲ့ ပြန်လည်ချိန်ညှိတာတွေကို ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ Edit Suggestion ကလည်း ပုံတွေကို ပိုမိုမြန်ဆန်၊ လွယ်ကူစွာ ပြုပြင်နိုင်စေဖို့ ကူညီပေးဦးမှာပါ။ Instant Slow-mo က လှုပ်ရှားမှုအပြည့်နဲ့ အခိုက်အတန့်တွေကို အနှေးဗီဒီယိုတွေ ရိုက်ကူးတဲ့အခါမှာလည်း Frame တွေကို ပုံမှန်ထက် ပိုမိုများပြား တိကျစွာ ထုတ်ပေးနိုင်တဲ့အတွက် အကြိမ်ကြိမ်ရိုက်ကူးစရာမလိုတော့ဘဲ ပြီးပြည့်စုံတဲ့ ရိုက်ချက်တွေ ရရှိနိုင်စေမှာပါ။

Galaxy AI နဲ့ ပြုလုပ်နိုင်တဲ့ တီထွင်ဖန်တီးမှုတွေနဲ့ စိတ်ကြိုက်ဖန်တီးမှုတွေက ဒါတွေတင်မကသေးပါဘူး။ AI-generated wallpapers နဲ့ မိမိစိတ်ကြိုက်ဖန်တီးလိုတဲ့ Wallpaper တွေကို AI နဲ့ ပိုမိုလွယ်ကူစွာဖန်တီးနိုင်ဦးမှာပဲဖြစ်ပါတယ်။

One UI 6.1 ကို Update လုပ်လိုက်ရုံနဲ့ ဖော်ပြပါ Galaxy AI ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက် တွေဖြစ်တဲ့ Circle to search with Google၊ Photo Assist၊ Chat Assist နဲ့ Live Translate စတဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်မယ့် သတ်မှတ် Galaxy ထုတ်ကုန် တွေကို ယခုအချိန်မှာ ဝယ်ယူမယ်ဆိုရင်တော့ ၇ သိန်းကျပ်အထိ ငွေသားလက်ဆောင်ရမယ့် ပရိုမိုးရှင်းကိုလည်း Samsung Myanmar ကနေ အောက်ပါအတိုင်း ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။

Galaxy Z Fold5 ဝယ်ယူမှုအတွက် ငွေသားလက်ဆောင် ၇ သိန်းကျပ်

Galaxy Z Flip5 နဲ့ Galaxy S23 Series ဝယ်ယူမှုအတွက် ၅ သိန်းကျပ် နဲ့

Galaxy Tab S9 Series ဝယ်ယူမှုအတွက် ၃ သိန်းကျပ်အထိ ငွေသားလက်ဆောင်တွေပြန်လည်ရယူနိုင်မှာပါ။

Galaxy AI နဲ့ပတ်သတ်ပြီး ပိုမို သိရှိလိုရင်တော့ Samsung Newsroom, Samsungmobilepress.com, Samsung.com နဲ့ Samsung Myanmar Facebook Page တို့မှာ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top