2020 Tokyo Olympics မှာ Team USA က ပြန်လည်အသုံးပြုလို့ရတဲ့ ဖိနပ်တွေနဲ့ပြုလုပ်ထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်သွားမယ်

yyl-027-3.jpg

အခုနှစ်ကျင်းပမယ့် Tokyo Olympics ပြိုင်ပွဲမှာ Team USA ဝတ်ဆင်မယ့် ဝတ်စုံတွေကို ပြန်လည်အသုံးပြုလို့ရတဲ့ ဖိနပ်အစိတ်အပိုင်းတွေနဲ့ ပြုလုပ်မှာဖြစ်တယ်လို့ အားကစားပစ္စည်းကုမ္ပဏီ Nikeက ထုတ်ပြောပြခဲ့ပါတယ်။ ဗုဒ္ဓဟူးညနေပိုင်းက ကျင်းပတဲ့ဖက်ရှင်ရှိုးပွဲမှာ ဒီဇိုင်းအသစ်တွေကို ထုတ်ပြခဲ့ပြီး “ဆုတံဆိပ်တွေကို ပြုလုပ်ထားတဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေအပြင် ဂျပန်ကီမိုနိုဒီဇိုင်းတွေကလည်း သူတို့ကို လွှမ်းမိုးထားနိုင်တယ်”လို့ ပြောပါတယ်။

Team USA ရဲ့ လိုဂိုနဲ့ ဝတ်စုံရဲ့အခြားအစိတ်အပိုင်းတွေကို ပြန်လည်အသုံးပြုလို့ရတဲ့အာကစားဖိနပ်တွေ၊ ထုတ်ကုန်ပစ္စည်းအပိုတွေနဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဂျာကင်နဲ့ ဘောင်းဘီတွေကိုလည်း နိုင်လွန်၊ ပေါ်လီအက်စတာအပါအဝင် ၁၀၀ ရာခိုင်နှုန်းပြန်လည်အသုံးပြုလုပ်ရတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အိုလံပစ်ဆုရှင်တွေကိုလည်း ၇၅ရာခိုင်နှုန်းပြန်လည်အသုံးပြုလို့ရတဲ့ ထုတ်ကုန်အလေ့အလွင့်တွေနဲ့ ပြုလုပ်ထားတဲ့ Nike Vapormax ရူးဖိနပ်တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

၂၀၂ဝပြည့်နှစ်အိုလံပစ်ပြိုင်ပွဲကို စီစဉ်ကြီးကြပ်မယ့်သူတွေက ဆုတံဆိပ်တွေကို လွန်ခဲ့တဲ့နှစ်များစွာက ဂျပန်ပြည်သူတွေဆီက စုဆောင်းခဲ့တဲ့ ပြည်လည်အသုံးပြုလို့ရတဲ့ အီလက်ထရွန်နစ်ပညာတွေနဲ့ ဖန်တီးပုံဖော်မှာဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ထုတ်ပြောပြခဲ့ပါတယ်။ ဆုတံဆိပ်တွေပြုလုပ်ဖို့အတွက် ဖုန်း (၆.၈၁) သန်းခန့်၊ မရေတွက်နိုင်လောက်တဲ့ ဒီဂျစ်တယ်ကင်မရာ၊ လက်တော့စ်၊ အခြားစက်ပစ္စည်းတွေကို ဂျပန်ပြည်သူတွေက လှူဒန်းခဲ့တာဖြစ်ပါတယ်။

Nike ကုမ္ပဏီက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျော့ချဖို့ ဖိအားပေးခဲ့ရတဲ့အတွက် နိုင်ငံကိုယ်စားပြု ထိပ်တန်းအားကစားသမားတွေအတွက် ပြန်လည်အသုံးပြုလို့ရတဲ့ဝတ်စုံတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။

Ref: Team USA will wear uniforms made of recycled shoes at 2020 Tokyo Olympics

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top