ဂျပန်နိုင်ငံက တာဝေးပစ်ဒုံးကျည်တွေကို ပထမမဆုံးအကြိမ် ဝယ်မယ်

နိုင်ငံလုံခြုံရေးအခြေနေကိုခြိမ်းခြောက်မှု မြင့်တက်နေတာကြောင့် ဂျပန်နိုင်ငံဟာ တာဝေးပစ်ဒုံးကျည် ကို ပထမဆုံးအကြိမ်ဝယ်ယူသွားမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရာ (Itsunori Onodera) က ပြောလိုက်ပါတယ်။ “နိုင်ငံကို အပြည့်အဝ ကာကွယ်နိုင်ဖို့ နဲ့ ဂျပန်တပ်ဖွဲ့ဝင်တွေ ဘေးကင်းစေဖို့ တာဝေးပစ်ဒုံးကျည် ဝယ်ယူတာ ဖြစ်ပါတယ်။” လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

F 15 တိုက်လေယာဉ်ပေါ်မှာထားနိုင်မယ့် ဒုံးကျည်မျိုးကို Lockheed Martin ကုမ္ပဏီဆီကနေဝယ်ယူသွားမှာဖြစ်ပြီး နော်ဝေး ကုမ္ပဆီ Kongsberg ကနေလည်း F 35 တိုက်လေယာဉ်မှာ တပ်ဆင်နိုင်မယ့် JSM ဒုံးကျည်တွေ ဝယ်ယူသွားမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရုံးက ပြောဆိုခွင့်ရှိသူက ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ဒုံးကျည်တွေ ဝယ်ယူနိုင်ဖို့ လာမယ့်ဘဏ္ဍာနှစ်မှာ အသုံးစရိတ် တိုးမြင့်တောင်းဆိုသွားမှာဖြစ်တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီယားအစီစဉ် တိုးတက်လာမှုဟာ ဂျပန်နဲ့အရှေ့အာရှ ရှိအခြားနိုင်ငံတွေကို ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အခုနှစ်အတွင်းမှာပဲ ဂျပန်ပင်လယ်ပြင်ကို ကျော်ဖြတ်ခဲ့တဲ့ ဒုံးကျည် နှစ်စင်း စမ်းသပ်ပစ်လွတ်ခဲ့ပါတယ်။

Ref : CNN : Japan to buy long-range missiles

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply