တစ်ပြိုက်နက်တည်း မိန်းမနှစ်ယောက်ယူခဲ့တဲ့ အမျိုးသား

yyl-2-10-021.jpg

မလေးရှားနိုင်ငံ၊ ဆန်ပေါ်နာရွာက အမျိုးတစ်ဦးက အမျိုးသမီးနှစ်ဦးကို တစ်ချိန်တည်း မင်္ဂလာဆောင်ခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲမှာ အမျိုးသမီးနှစ်ယောက်နဲ့ ရိုက်ထားတဲ့သူ့ဓာတ်ပုံတွေကို သတို့သားရဲ့ဝမ်းကွဲလို့ယူဆရတဲ့ ဂျင်းမီ ဂျင် (Jimmy Jin)ဆိုသူက ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ခဲ့တာပါ။

ဂျင်းမီက သတို့သားအတွက် “မိသားစုထဲမှာ မင်းက recordချိုးခဲ့တာပဲ။ ချက်ချင်းကို ဇနီးနှစ်ယောက်ရတာ။ ဂုဏ်ယူပါတယ်”လို့လည်း သတို့သားကို ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ အရင်ကတည်းက ကိုတာ ကီနာဘာလာက အမျိုးသမီးနဲ့စေ့စပ်ထားတာဖြစ်ပါတယ်။ နောက်ပိုင်း အပန်းဖြေစခန်းမှာ အလုပ်လုပ်တဲ့အခါ နောက်ထပ်အမျိုးသမီးနဲ့သိခဲ့ပါတယ်။

အဲဒီအမျိုးသမီးက သူ့ကိုလက်ထပ်ဖို့ တောင်းဆိုခဲ့တာပါ။ နောက်တော့ တစ်ချိန်တည်း အမျိုးသမီးနှစ်ယောက်ကို လက်ထပ်ခဲ့ရပါတယ်။ ဖေ့စ်ဘွတ်ခ်မှာလည်း ဒီအမျိုးသားအကြောင်းပြောတဲ့”အစ်ကို ကံကောင်းတာပဲ”ဆိုတဲ့ကွန်မန့်အပြင် နောက်ထပ်ကွန်မန့်တွေလည်း အများကြီးရှိခဲ့ပါတယ်။

Ref: AsiaOne “Malaysian man marries 2 women at the same time”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top