စတုတ္ထမြောက်ကလေးအဖြစ် သားလေးမွေးပေးခဲ့တဲ့ ဇနီးဖြစ်သူရှေ့ဒူးထောက်ခဲ့တဲ့ တရုတ်အမျိုးသား

18.3.24-yyl-4-1.jpg

တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်က အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူက စတုတ္ထမြောက်ကလေးအဖြစ် သားယောက်ျားလေးမွေးဖွားပေးခဲ့လို့ ဒူးထောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ဇနီးက ပန်းစည်းကိုင်လျက် ဘီးတပ်ကုလားထိုင်မှာ ထိုင်နေခဲ့ပါတယ်။ ဇနီးဖြစ်သူက သူ့ရှေ့ဒူးထောက်ခဲ့တဲ့ သူ့ရဲ့အဖြစ်ကို မြင်ပြီး မျက်ရည်တွေကျခဲ့ရပါတယ်။

သူတို့စုံတွဲမှာ သားယောက်ျားလေးမမွေးဖွားခင်က သမီး ၃ ယောက်ရှိပါတယ်။ ၄ ယောက်မြောက်အဖြစ် သားလေးမွေးဖွားခဲ့တဲ့ ဇနီးဖြစ်သူ အရာအားလုံးလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီတရုတ်အမျိုးသားက ဆိုပါတယ်။

“ငါ့အတွက် မင်းရဲ့အသက်ကို ၄ ကြိမ်မြောက်စွန့်စားခဲ့တာပါ။ ငါ့ဘဝ ပိုပြီးပြည့်စုံအောင်လုပ်ပေးဖို့ ကျေးဇူးတင်ပါတယ်။ သမီး ၃ ယောက်နဲ့ သားတစ်ယောက်ဆိုတာက တရုတ်စကားလုံး “ကောင်းတယ်”အသွင်ကိုဆောင်ပါတယ်။ မိန်းမ…မင်း တာဝန်ကျေပါတယ်”တဲ့။ အဲ့ဒီအမျိုးသားက ဇနီးဖြစ်သူကို ငွေသား စင်ကာပူဒေါ်လာ ၁၈၂၂ ကိုလည်း လက်ဆောင်အဖြစ်ပေးခဲ့တယ်လို့လည်း သတင်းဌာနတွေက ဖော်ပြပါတယ်။

Ref: Chinese Man Kneels In Front Of Wife When She Finally Births Him A Son After 3 Daughters

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top