ပထမနေရာမှာ ရပ်တည်နေပေမဲ့ Box Office ဝင်ငွေနည်းပါးနေတဲ့ Justice League

8eab7f93161bd289859ad767699f82060e9e053f.jpg

ဒီနေ့ခေတ်လို Superhero ရုပ်ရှင်တွေ အောင်မြင်နေတဲ့ ခေတ်ကြီးမှာ ပထမဆုံး စနေ၊ တနင်္ဂနွေ ပိတ်ရက်အတွင်းမှာ ဒေါ်လာ ၉၆ သန်း သာရတယ် ဆိုတာ ဖြစ်ရိုးဖြစ်စဉ် အခြေအနေတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ Warner ရဲ့ “Justice League” ဇာတ်ကားရင်ဆိုင်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အသုံးစရိတ် များများနဲ့ ရိုက်ကူးထားပြီး superhero mashup ရုပ်ရှင် ဖြစ်တဲ့ Justice League ဟာ ပြည်တွင်းမှာ ဒေါ်လာ ၉၆ သန်းသာရခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ DC Universe ရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေထဲမှာ အဖွင့်ဝင်ငွေအနည်းဆုံး ဇာတ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဝေဖန်ရေး ရလာဒ်ကောင်းတွေ သိပ်မရခဲ့တဲ့ Batman v Superman: Dawn of Justice ဇာတ်ကားပင် စစချင်း အပတ်မှာ ၁၆၆ သန်း ဝင်ငွေရခဲ့ပြီး ရုပ်ရှင်ရုံတွေမှာ ပြသအပြီးမှာ ဒေါ်လာ ၈၇၃.၃ သန်းအထိ ဝင်ငွေရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Suicide Squad ဇာတ်ကားကလည်း ပထမဆုံး ပိတ်ရက်မှာ ဒေါ်လာ ၁၃၃.၇ သန်းအထိ ဝင်ငွေရခဲ့ပါသေးတယ်။

ဝေဖန်ရေးဆရာများရဲ့ မှတ်ချက်ကောင်းနဲ့ ပရိတ်သတ်တွေ နှစ်ခြိုက်ခြင်းကို ခံခဲ့ရတဲ့ Wonder Woman နောက်မှာ ထွက်ရှိလာတဲ့ Justice League မှာ Ben Affleck ရဲ့ Batman နဲ့ Gal Gadot ရဲ့ Wonder Woman အပြင် ကာရိုက်တာ အသစ်တွေဖြစ်တဲ့ Ezra Miller ရဲ့ The Flash၊ Jason Momoa ရဲ့ Aquaman နဲ့ Ray Fisher ရဲ့ Cyborg တို့ကိုပါ မိတ်ဆက်ထားပါတယ်။

marketing ကုန်ကျစရိတ်တွေ မပါသေးဘဲ budget သန်း ၂၅၀ ကနေ ၃၀၀ အတွင်းရိုက်ကူးထားတဲ့ Justice League ရဲ့ အလားအလာအတွက် Warner Bros ကုမ္ပဏီကတော့ အကောင်းမြင်နေပြီး “ ကျွန်တော် ဒီ ၃ ရက်အတွင်းကိုတော့ သိပ်မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ ဒီပိတ်ရက်ဟာ လူတော်တော်များများ အနားယူကြတဲ့ ပိတ်ရက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပရိတ်သတ် အများအပြားရနိုင်တဲ့ အခွင့်အရေးရှိခဲ့ပါတယ်။ ဒါပေမဲ့ B+၊ A- စတဲ့ CinemaScore တွေကြောင့် အားတက်ရပါတယ်။ ဒါဟာ လူတွေ ဒီဇာတ်ကား အပေါ် စိတ်ဝင်စားကြတယ် ဆိုတာ ပြနေတာပဲ ” လို့ Warner Bros ရဲ့ ပြည်တွင်းဖြန်ချီရေး တာဝန်ခံ ဂျက်ဂိုးစတိန်း (Jeff Goldstein) ကဆိုပါတယ်။

Justice League  နောက်မှာ ရပ်တည်နေတဲ့ ဇာတ်ကားကတော့ R.J. Palacio ရဲ့ မျက်နှာ ပုံပန်းမကျတဲ့ ကလေးတစ်ယောက် အကြောင်း ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Wonder ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားဟာ budget အတွက် ဒေါ်လာ သန်း ၂၀ သုံးထားပြီး ပထမပိတ်ရက်အတွင်းမှာ ဒေါ်လာ ၂၇.၁ သန်း ရခဲ့တာ ဖြစ်ပါတယ်။ Disney နဲ့ Marvelတို့ ရိုက်ကူးထားပြီး ပြီးခဲ့တဲ့ အပတ်က ပထမနေရာမှာ ရပ်တည်ခဲ့တဲ့ Thor: Ragnarok ကတော့ ဒီအပတ်မှာ  ဒေါ်လာ ၂၁.၈ သန်းနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ အောက်မှာတော့ ဒီတစ်ပတ်အတွင်း ဝင်ငွေ အများဆုံး ရုပ်ရှင် ၁၀ ကားကို ဖော်ပြပေးထားပါတယ်။

1.”Justice League,” $96 million.

2.”Wonder,” $27.1 million.

3.”Thor: Ragnarok,” $21.8 million.

4.”Daddy’s Home 2,” $14.8 million.

5.”Murder on the Orient Express,” $13.8 million.

6.”The Star,” $10 million.

7.”A Bad Moms Christmas,” $6.9 million.

8.”Lady Bird,’ $2.5 million.

9.”Three Billboards Outside Ebbing, Missouri,” $1.1 million.

10.”Jigsaw,” $1.1 million

လူမို (ရိုးရာလေး)
Ref : Entertainment : Justice League’ takes top spot, but still underwhelms box office

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top