ကိုရီးယားမှာ Café ဆိုင်ဖွင့်ထားတဲ့ နာမည်ကျော်များ

cafe.jpg

ကိုရီးယားဟာ ဒေသခံပြည်သူတွေ မကြာခဏသွားရောက်လေ့ရှိကြတဲ့လှပတဲ့ Café ဆိုင်လေးတွေနဲ့ ပြည့်နှက်နေပါတယ်။

ချစ်စရာကောင်းပြီးလှပတဲ့ အတွင်းပိုင်း ပြင်ဆင်မှုများနဲ့ တည်ငြိမ်းအေးချမ်းတဲ့ ပတ်ဝန်းကျင်နဲ့အတူမိမိရဲ့ အားလပ်ချိန်မှာအရသာရှိတဲ့ အစားအသောက်လေးတွေကိုစားသုံးရတာတကယ့်ကို နှစ်သက်ဖွယ်ကောင်းလှပါတယ်။ ကိုရီးယားရောက်တဲ့အခါမှာတော့ ဆယ်လီတွေပိုင်ဆိုင်တဲ့ ဒီ Café ဆိုင်လေးများကိုသွားရောက်လည်ပတ် သင့်ပါတယ်။ ကံကောင်းရင်တော့ အဲဒီကိုသွားရောက်ရင်း ပိုင်ရှင်ဖြစ်သူဆယ်လီများကိုတောင် တွေ့မြင်နိုင်ပါသေးတယ်။

၁။ GDragonရဲ့ Cafe AewolMonsant

GDragon ဖွင့်လှစ်ထားတဲ့Cafe AewolMonsant အမည်ရှိတဲ့ Café လေးကတော့ 2546 Aewol-ri, Aewol-eup, Cheju, Jeju-do တောင်ကိုရီးယားမှာတည်ရှိပါတယ်။ ဂျယ်ဂျူကျွန်းရဲ့ လှပတဲ့ရှုခင်းများကိုခံစားကြည့်ရှုနိုင်ဖို့အတွက် ဘေးဘက်နံရံတွေကိုမှန်တွေအပြည့်နဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

၂။ မင်းသားYoo Ah In ရဲ့ Studio Concrete

မင်းသားYoo Ah In ဖွင့်လှစ်ထားတဲ့ Studio ConcreteCafé လေးကတော့ 162 Hannam-daero, Yongsan-guဆိုးလ်မြို့ တောင်ကိုရီးယားနိုင်ငံမှာတည်ရှိပါတယ်။ ပထမထပ်မှာ ကော်ဖီသောက်ရင်းအပန်းဖြေနိုင်သလို ဒုတိယထပ်မှာအနုပညာလက်ရာအစုအစည်းတွေကို ခံစားကြည့်ရှုနိုင်မယ့် အနုပညာလက်ရာ မြတ်နိုးသူများအတွက် အခင်းအကျင်းနေရာလေးတစ်ခုဖြစ်ပါတယ်။

၃။ မင်းသားLee Jong Sukရဲ့ 89Mansion

မင်းသားLee Jongsukပိုင်ဆိုင်တဲ့ 89MansionCafé လေးကတော့ 523-30, Sinsa-dong Gangnam-gu ဆိုးလ်မြို့မှာတည်ရှိပါတယ်။ ကော်ဖီဆိုင်လေးရဲ့ သေသပ်လှပတဲ့ အတွင်းပိုင်းအပြင်အဆင်များကို ပိုင်ရှင်ဖြစ်သူမင်းသား Lee Jong Suk ကိုယ်တိုင် အနည်းငယ် ကူညီပါဝင်လုပ်ဆောင်ပေးခဲ့တာကြောင့် သွားရောက်ဖို့ လက်မလွတ်သင့်ပါဘူး။

၄။ အဆိုတော် Jo Kwon ရဲ့ Midnight in Seoul

အဆိုတော် Jo Kwon ပိုင်ဆိုင်တဲ့ Midnight in Seoul ဆိုင်လေးကတော့ 18 Eonju-ro 147-gil, Gangnam-gu ဆိုးလ်မြို့မှာတည်ရှိပါတယ်။ သင်နေ့စဉ် စားသုံးတဲ့ Cereal လေးတွေကိုဒီမှာဝယ်ယူနိုင်ပါတယ်။ Cereal အမျိုးအစားအမျိုးမျိုး ရရှိနိုင်ပြီးတော့ ပြင်ဆင်မှု အလှအပကိုချစ်တတ်သူများသွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။

၅။ Super Junior အဖွဲ့ဝင် Yesung ရဲ့ Mouse Rabbit

Super Juniorအဖွဲ့ဝင် Yesung ရဲ့ Mouse RabbitCafé လေးကတော့ 5-7 Hwayang-dong, Gwangjin-gu ဆိုလ်းမြို့မှာတည်ရှိပါတယ်။ Super Junior ပရိသတ်များစွာ ကိုရီးယားသို့ အလည်လာတိုင်းအနည်းဆုံးတစ်ကြိမ်လောက်တော့ လာရောက်ဖြစ်တဲ့ နေရာလေးတစ်ခုပါပဲ။ အတွင်းပိုင်းအပြင်အဆင်ဟာလည် ဆိုင်ပြင်ပအပြင်အဆင်လိုပဲ လွတ်လပ်အေးချမ်းကာသေသပ်လှပပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။

၆။ Super Junior အဖွဲ့ဝင် Donghae ရဲ့ Haru&Oneday

Super Juniorအဖွဲ့ဝင် Donghae ပိုင်ဆိုင်တဲ့ Haru&Oneday လေးကတော့ 92 Achasan-ro, Seongsu-dong 2(i)-ga, Seongdong-gu ဆိုးလ်မြို့မှာတည်ရှိပါတယ်။ ကျယ်ဝန်းပြီး ရိုးစင်းသေသပ်လှပတဲ့ Café လေးဟာအရသာရှိလှတဲ့ ကော်ဖီလေးကိုသောက်သုံးရင်း ခရီးသွားစဉ် သွားရောက် အနားယူသင့်တဲ့ နေရာတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီတော့ ကိုရီးယားကိုရောက်ပြီဆိုရင် ဒီ Café လေးတွေ သွားရောက်ဖို့ မမေ့ပါနဲ့ဦးနော်။

HtetHtet Tin Zar (ရိုးရာလေး)

Ref : Knowledge : 6 Cafes Owned by Celebrities That You Would Like to Visit on Your Next Trip to Korea

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top