Samsung အိမ်သုံးအီလက်ထရောနစ်ပစ္စည်း ဝယ်ယူသုံးစွဲသူတွေကို အထူးဝန်ဆောင်မှုအစီအစဉ်တွေ ဆက်လက်ပေးသွားမည်

Lists1.jpg

ကမ္ဘာ့ထိပ်တန်း အိမ်သုံး အီလက်ထရောနစ်ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ Samsung ကုမ္ပဏီဟာ ထုပ်ပိုးမှုအသစ်နဲ့ မြန်မာနိုင်ငံမှ သုံးစွဲသူတွေအတွက် ဝယ်ယူပြီးတဲ့ နောက်ပိုင်း ဝန်ဆောင်မှုတွေကို အခမဲ့ ရယူနိုင်ဖို့ အထူးဝန်ဆောင်မှုအစီအစဉ် တစ်ခုကို မတ်လ (၁၄) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒီအစီအစဉ်အရ ၂၀၁၉ ခုနှစ်၊ မတ်လ (၇) ရက်နေ့မှစပြီး ရောင်ပြန် စတစ်ကာပါရှိတဲ့ ထုပ်ပိုးမှုပုံစံအသစ်ဖြင့် ရောင်းချတဲ့ အိမ်သုံးအီလက်ထရောနစ်ပစ္စည်းတွေ ဝယ်ယူသုံးစွဲသူအနေနဲ့ ဝယ်ယူပြီးတဲ့ရက်မှ တစ်နှစ်အတွင်း အခမဲ့ ပြုပြင်ခြင်းဆိုင်ရာဝန်ဆောင်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

အခုအစီအစဉ်သစ်မှာပါဝင်တဲ့ အခမဲ့ဝန်ဆောင်မှုတွေမှာ ပြင်ဆင် တပ်ဆင်ခ၊ အပိုပစ္စည်းတွေ ဝယ်ယူတပ်ဆင်ပေးခြင်း၊ ဝန်ဆောင်ခ၊ အိမ်အရောက် ကြည့်ရှုစစ်ဆေးဝန်ဆောင်မှုပေးခြင်းတို့ဖြစ်ပါတယ်။

Samsung အီလက်ထရောနစ်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲသူတွေအနေနဲ့ ရောင်ပြန် စတစ်ကာပါရှိတဲ့ ထုပ်ပိုးမှုပုံစံ အသစ်ကို ကြည့်ရှုပြီး စစ်မှန်တဲ့ထုတ်ကုန်တွေကို ပိုမိုလွယ်ကူစိတ်ချစွာ ရွေးချယ်ဝယ်ယူနိုင်မှာပါ။ အဆိုပါ ထုပ်ပိုးမှုပုံစံအသစ်မှာ ပါဝင်တဲ့ စည်းကမ်းချက်အသစ်တွေကြောင့် Samsung အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်တွေမှာအပြင် Ocean Supercenter တွေမှာပါ ဝယ်ယူအားပေးသူတွေအနေနဲ့ အထက်ဖော်ပြပါ ဝန်ဆောင်မှုတွေကို အပြည့်အ၀ ခံစားခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ Samsung လူသုံးကုန် အီလက်ထရောနစ်ပစ္စည်းတွေအတွက် ဝန်ဆောင်မှုတွေကို အသေးစိတ် သိရှိချင်ရင်တော့ Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၈၈၈ ကို နေ့စဉ် မနက် (၇) နာရီမှ ည (၁၁) နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်သလို https://www.samsung.com/mm/offer/consumerelectronicsauthorize/
မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top