(၆) အင်အား ရစ်ချစတာစကေး ၆.၀ ရှိတဲ့ ငလျင်ကြောင့် ဘုရားစေတီတွေနဲ့ သာသနိကအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ရတဲ့သတင်း

yyl59018.jpg

(၆) ၂၀၁၉ ခုနှစ်၊ သြဂုတ် ၃၁ ရက်၊ ည ၉ နာရီ ၃၉ မိနစ်က ရွှေဘိုမြို့၏ အနောက်မြောက်ဘက် ၁၄ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ချစတာစကေး ၆.၀ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် ရွှေဘိုခရိုင် အတွင်းရှိ ရွှေဘိုမြို့၊ ခင်ဦးမြို့၊ ရေဦးမြို့တို့ရှိ ဘုရားစေတီများနှင့် သာသနိကအဆောက်အအုံအချို့ ထိခိုက်ပျက်စီး ခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ယခုငလျင်ကြောင့် လူသေဆုံးမှုနှင့် လူနေအိမ်များ လုံးဝပြိုကျမှုမရှိခဲ့သော်လည်း ရွှေဘိုမြို့၊ ပိတောက်ခေါင်း ကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာရှိ ဘုရားစေတီများ ထီးတော်တိမ်းစောင်းပြိုကျအက်ကွဲခြင်း၊ ခင်ဦးမြို့၊ လောင်းရှည်ကျေးရွာရှိ ဂြိုဟ်ကြီးရှစ်လုံးစေတီများ ထီးတော်ပြိုကျခြင်း၊ စေတီလုံးတော်များ ကွဲအက်ခြင်း၊ မန်ကျည်း တောကျေးရွာ(မြောက်)တို့ရှိ စေတီတော်များ စိန်ဖူးတော်မြေခပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြောကလှုပ်ခြင်းမဟုတ်ကြောင်း၊ Burma Plate ဟုခေါ်သည့် မြန်မာ မြေထုချပ်အတွင်းထဲတွင်ဖြစ်သော ငလျင်တစ်ခုဖြစ်ကြောင်း၊ မူးမြစ်ဝှမ်းဆိုသည်မှာ မြေထုချပ် ရွေ့လျားမှုများ ကြောင့်ဖြစ်သည့် ချိုင့်ဝှမ်း Open Basin တစ်ခုဖြစ်ကြောင်း၊ ယခုငလျင်သည် ထိုမူးမြစ်ဝှမ်းနှင့် စစ်ကိုင်းပြတ်ရွေ့ အနောက်ပိုင်းတွင်ဖြစ်သည့် တောင်ကုန်းငယ်များ၏ အစပ်တွင် လှုပ်ခဲ့ခြင်းဖြစ်ကြောင်း မြေငလျင်ကော်မတီမှ ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ seniorgeneralminaunghlaing.com.mm ၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top