ကုန်ကျစရိတ် ခန့်မှန်းခြေ ကန်ဒေါ်လာ ၅.၃ သန်းရှိတဲ့ ကင်ဝူဘင်းနဲ့ ရှင်မင်းအေတို့ရဲ့မင်္ဂလာပွဲ

photo0.jpg

မင်းသားကင်ဝူဘင်းနဲ့ မင်းသမီးရှင်မင်းအေတို့ဟာ ချစ်သူသက်တမ်း ၁၀ နှစ်အကြာ ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေခင်းမှာ လက်ထပ်ခဲ့ကြပါတယ်။ မင်္ဂလာပွဲအပြီးမှာတော့ သူတို့ရဲ့မင်္ဂလာပွဲကုန်ကျစရိတ်က ဝမ် ၇ ဘီလျံ (ကန်ဒေါ်လာ ၅.၃ သန်း) ရှိတယ်လို့ ထွက်ရှိလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဝူဘင်းနဲ့ မင်းအေတို့က ကိုရီးယားရဲ့အထင်ရှားဆုံးမင်္ဂလာပွဲကျင်းပရာနေရာတွေထဲက တစ်ခုဖြစ်တဲ့ Shilla ဟိုတယ်ရဲ့ Dynasty Hall မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာပွဲတက်ရောက်တဲ့ဧည့်သည်တွေ ရာချီရှိတယ်လို့လည်း သိရပါတယ်။

သူတို့ရဲ့မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး လူပြောများတဲ့အချက်ကတော့ မင်္ဂလာပြန်ကမ်းလက်ဆောင်ပါပဲ။ ဧည့်သည်တိုင်းက Lancome အလှကုန်ပစ္စည်း Set လိုက်နဲ့ Acqua di Parma ရေမွှေးပါဝင်တဲ့ ပြန်ကမ်းလက်ဆောင်ရရှိခဲ့ပါတယ်။ ပြန်ကမ်းလက်ဆောင်တွေရဲ့ကုန်ကျစရိတ်တင် ဝမ် ဘီလျံနားရောက်နေပါပြီ။

မင်းအေရဲ့မင်္ဂလာဝတ်စုံကလည်း ကန်ဒေါ်လာ ၂၈၆၀၀ တန်ဖိုးရှိတဲ့ Elie Saab ရဲ့ 2026 Spring Bridal Collection ထဲက တစ်စုံဖြစ်ပါတယ်။ သူ့ရဲ့လက်ဝတ်လက်စားတွေကလည်း စိန် ၁၁ ကာရက်ကျော်ပါဝင်တဲ့ ဝမ် ၃၅၂ သန်းတန် Louis Vuitton တံဆိပ်လည်ဆွဲ၊ ဝမ် ၇၅ သန်းတန် Louis Vuitton နားဆွဲတို့ပါပဲ။ ဝူဘင်းရဲ့မင်္ဂလာလက်စွဲက Louis Vuitton က ဖြစ်ပြီး ခန့်မှန်းခြေ ဝမ် ၁၇ သန်းတန်ကြေးရှိပါတယ်။ မင်္ဂလာခန်းမငှားခ၊ ပန်းအလှဆင်တာအပါအဝင် မင်္ဂလာခန်းမအတွက် ကုန်ကျစရိတ်က ခန့်မှန်းခြေ ဝမ် ၁၉၆ သန်းရှိပါတယ်။ အကုန်လုံးပေါင်းလိုက်ရင်တော့ ဝူဘင်းနဲ့ မင်းအေတို့ရဲ့ မင်္ဂလာပွဲက ဝမ် ၇ ဘီလျံ (ကန်ဒေါ်လာ ၅.၃ သန်း) ကုန်ကျမယ်လို့ ခန့်မှန်းခဲ့တယ်လို့ သိရပါတယ်။

Ref: Kim Woo Bin And Shin Min Ah’s Wedding Estimated To Cost Over ₩7 Billion

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top