စွမ်းအင်ချွေတာဖို့ မီးစောစောပိတ်ရတော့မယ့် အလင်းမြို့တော်

9-16-2022-yyl-24.jpg

မီးရောင်တွေ ထိန်ထိန်ငြီးနေတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အလင်းမြို့တော်လို့ တင်စားကြလေ့ရှိတယ်။ အီဖယ်မျှော်စင်၊ လုဗ်ပြတိုက်၊ Notre Dame ဘုရားကျောင်း၊ Arc de Triomphe တို့လို သမိုင်းဝင်အဆောက်အအုံတွေကို မီးတွေနဲ့ အလှဆင်ထားတယ်။

ဒါပေမဲ့ အခုအခါမှာတော့ လျှပ်စစ်စွမ်းအင် ချွေတာဖို့ ပဲရစ်မြို့မှာရှိတဲ့ သမိုင်းဝင်အဆောက်အအုံတွေကို တစ်နေရာစောပြီး မီးပိတ်မယ်လို့ ပဲရစ်မြို့တော်ဝန်က ကြေညာခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင် အီဖယ်မျှော်စင်ကို ည ၁ နာရီမှ မီးပိတ်လေ့ရှိပေမဲ့ စက်တင်ဘာလ ၂၃ ရက်ကစပြီး အီဖယ်တာဝါကို ည ၁၁ နာရီ ၄၅ မိနစ်၊ တခြားသမိုင်းဝင်အဆောက်အအုံတွေကို ည ၁၀ နာရီမှာ မီးပိတ်မှာပါ။

ဆောင်းရာသီကာလမှာ စွမ်းအင်တောင်းဆိုမှု ပိုများလာဖွယ်ရှိပြီး လျှပ်စစ်မီး ပြတ်တောက်တာ၊ စွမ်းအင်လိုအပ်ချက် ရှိတာမျိုးတွေ မဖြစ်စေဖို့ အခုလို ဆုံးဖြတ်ရတာလို့ ပဲရစ်မြို့တော်ဝန် ဟိုင်ဒယ်ဂိုက ပြောပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ စွမ်းအင်အသုံးပြုမှုကို ၁၀ ရာခိုင်နှုန်း လျှော့ချဖို့ ပြီးခဲ့တဲ့ဇူလိုင်လမှာ ပြင်သစ်သမ္မတ မက်ခရွန်က တိုက်တွန်းခဲ့ဖူးပါတယ်။ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲတဲ့ ရုရှားကို စီးပွားရေးပိတ်ဆို့တဲ့အနေနဲ့ အနောက်အုပ်စုက လောင်စာဆီ တင်ပို့မှုကန့်သတ်ချက်တွေ ချမှတ်ခဲ့ပြီး ဥရောပနိုင်ငံတွေမှာ စွမ်းအင်အကျပ်အတည်းတွေ ရှိနေပါတယ်။

Ref: Eiffel Tower, other Paris monuments to turn off lights earlier to save electricity

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top