ပုံမှန်ဓမ္မတာလာချိန်ထက် စောလာစေချင်တဲ့ မိန်းကလေးတွေအတွက် အစားအစာများ

pe1.png

မိန်းကလေးတွေအတွက် လတိုင်း မဖိတ်ခေါ်ဘဲ လာတတ်တဲ့အရာက ဓမ္မတာလာတာပါပဲ။ ကိုယ်ရဲ့ဓမ္မတာလာချိန်တွေမှာ ခရီးထွက်စရာရှိတာ၊ အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ အရေးကြီးကိစ္စလုပ်စရာရှိတာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးဆိုရင် မိန်းကလေးတွေအတွက် စိတ်ကသိကအောက်ဖြစ်စေပါတယ်။ ဒါကြောင့် အရေးကြီးလုပ်စရာကိစ္စတွေနဲ့ ဓမ္မတာလာချိန်တိုက်နေပြီဆိုရင် စိုးရိမ်စရာမလိုပါဘူး။ ပုံမှန်ရာသီလာချိန်ထက် စောပြီးလာအောင် လုပ်လို့ရတဲ့ နည်းလမ်းကောင်းတွေရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ ဓမ္မတာလာချိန်စောအောင် ကူညီပေးမယ့် အစားအစာတွေပဲဖြစ်ပါတယ်။ အရေးကြီးလုပ်စရာကိစ္စတွေကို စိတ်ကသိကအောက်မဖြစ်ဘဲ ပျော်ပျော်ကြီး လုပ်လို့ရပြီပေါ့။

သင်္ဘောသီး

သင်္ဘောသီးက မိန်းကလေးတွေ ရာသီလာချိန်မမှန်တဲ့အခါ ဆရာဝန်တွေ ထောက်ခံပေးထားတဲ့ အသီးဖြစ်ပါတယ်။ မမှည့်တမှည့်ဖြစ်နေတဲ့ သင်္ဘောသီးက သားအိမ်ကို ဓမ္မတာ ချက်ချင်းလာအောင် ကူညီပေးပါတယ်။ သဘောၤသီးကို ပုံမှန်စားပေးခြင်းက ရာသီလာချိန်စက်ဝန်းကို ထိန်းပေးပါတယ်။

ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးများ

ဗီတာမင်စီက ခန္ဓာကိုယ်မှာ ရှိတဲ့ အမဟော်မုန်းဓာတ်ကို တိုးလာစေပြီး ဓမ္မတာလာချိန် စောအောင် ကူညီပေးပါတယ်။ အမဟော်မုန်းဓာတ်တိုးလာခြင်းက ဓမ္မတာစောစောလာစေတဲ့ သားအိမ်ကျုံ့ခြင်းကို မြင့်မားလာစေပါတယ်။

နာနတ်သီး

နာနတ်သီးက သားအိမ်ကျုံ့လာစေတဲ့ တင်ပါးဆုံရိုးနားက အပူကို ဖြစ်ပေါ်စေနိုင်စွမ်းရှိပြီး ဓမ္မတာလာချိန်စောစေတဲ့ အခွင့်အရေးများပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်က သားအိမ်မှာရှိတဲ့ သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးပြီး ရလဒ်အနေနဲ့ ဓမ္မတာလာချိန်စောပါတယ်။

ချင်းရေနွေးကြမ်း

ချင်းက ရာသီလာအောင် လှုံ့ဆော်ပေးတဲ့ အစွမ်းထက်အရာတစ်ခုဖြစ်ပြီး တင်ပါးဆုံရိုးမှာ အပူကို ထုတ်လွှတ်ပေးပါတယ်။ ချင်းရေနွေးကြမ်းက ရာသီလာချိန် ကိုက်ခဲနာကျင်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

အပူအစပ်အစားအစာ

အပူအစပ်အစားအစာတွေ စားပေးခြင်းက ခန္ဓာကိုယ်အပူချိန်ကို တိုးလာစေတဲ့အတွက် သားအိမ်ကျုံ့လာစေပြီး ရာသီလာချိန်စောစေပါတယ်။

စပျစ်သီးခြောက်ပါတဲ့ နွားနို့ပူပူလေး

စပျစ်သီးခြောက်က မျိုးပွားခြင်းပြဿနာတွေကို ကုပေးတဲ့ နေရာမှာ လူသိများပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နွားနို့ပူပူလေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ဓမ္မတာလာချိန်စောစေပါတယ်။

Ref: Home remedies to prepone your periods
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top