နှစ် ၂၀ တိုင်တိုင် မိုင် ၈၀၀၀ ကျော် ခရီးနှင်ပြီး မိတ်ဖက်ဆီပြန်လာလေ့ရှိတဲ့ ငှက်ကျား

20years.jpg

ကလီပီတန်နဲ့ မာလီနာတို့ ငှက်ကျားမောင်နှံရဲ့ ဇာတ်လမ်းတစ်ပုဒ်က ခရိုအေးရှားနိုင်ငံရဲ့ အချစ်ဇာတ်လမ်းတွေထဲမှာ နာမည်ကြီးပါတယ်။ ကလီပီတန်ဆိုတဲ့ ငှက်ကျားထီးဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ နှစ် ၂၀ တိုင်တိုင် နှစ်စဉ်နှစ်တိုင်း တောင်အာဖရိကကနေ ခရိုအေးရှားအထိ မိုင် ၈၀၀၀ ခရီးနှင်ပြီး မိတ်လိုက်ဖော် ငှက်ကျားအမ မာလီနာထံ ပျံသန်းလာလေ့ ရှိပါတယ်။

စတီဖန်ဗိုကစ်ဆိုတဲ့ ခရိုအေးရှားအမျိုးသားတစ်ဦးဟာ ၁၉၉၃ ခုနှစ်က ငါးမျှားထွက်ရင်း မုဆိုးတွေရဲ့ ကျည်ဆန် ထိမှန်ထားတဲ့ ငှက်ကျားအမတစ်ကောင် တွေ့လို့ သူ့အိမ် ခေါ်လာပြီး ဆေးထည့်ပေးခဲ့ပါတယ်။ အဲဒီငှက်ကျားအမလေးကတော့ မာလီနာပါ။ ဗိုကစ်က မာလီနာအတွက် အသိုက်ဆောက်ပေးခဲ့ပြီး မွေးမြူထားခဲ့တာပါ။

၂၀၀၁ ခုနှစ်မှာတော့ ငှက်ကျားအထီး( ကလီပီတန်)က မာလီနာဆီ ရောက်လာခဲ့ပြီး နှစ်စဉ်နှစ်တိုင်း နှစ် ၂၀ တိုင်တိုင် သားပေါက်ချိန်ရောက်တိုင်း မပျက်မကွက် လာလေ့ရှိပါတယ်။ ကလီပီတန်ဟာ မာလီနာဆီ ရောက်ဖို့ မိုင် ၈၀၀၀ ကျော် ခရီးနှင်ပြီး လာရတာပါ။ ကလီပီတန်နဲ့ မာလီနာတို့ဟာ သားပေါက် ၆၆ ကောင်အထိ သားပေါက်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာတော့ မာလီနာ သေဆုံးသွားခဲ့တာပါ။

Ref: Klepetan and Malena

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top