ဟိုတယ်ရေကူးကန်ငယ်ထဲက ကယ်တင်ခဲ့တဲ့ လင်းပိုင် ၃ ကောင်ကို ပင်လယ်ထဲ လွှတ်ပေး

9-21-2022-yyl-40.jpg

” ကျေးဇူးတင်ပါတယ်၊ နှုတ်ဆက်ခဲ့ပါတယ်လို့ မပြောရုံတမယ်ပါပဲ။ နောက်တော့ သူတို့ ပင်လယ်ထဲ ကူးခတ်ပျောက်ကွယ်သွားတာပါ” ခရီးသည်တွေ ပျော်ရွှင်စေဖို့ ဟိုတယ်ရေကူးကန်ထဲမှာ နှစ်ရှည်လများ ဖျော်ဖြေခဲ့ရတဲ့ လင်းပိုင် ၃ ကောင်ကို ပင်လယ်ထဲ ပြန်လွှတ်ပေးနိုင်ခဲ့ပါပြီ။ ဂျွန်နီ၊ ရော့ခ်ကီနဲ့ ရမ်ဘိုလို့ အမည်ပေးထားတဲ့ လင်းပိုင် ၃ ကောင်ဟာ နယ်လည့်ဆပ်ကပ်အဖွဲ့နဲ့အတူ ဖျော်ဖြေခဲ့ရပြီးနောက် အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေစခန်းကို ရောက်လာခဲ့ကြတာပါ။ ဟိုတယ်ကိုလာတဲ့ ဧည့်သည်တွေ စိတ်အပန်းပြေဖို့ လင်းပိုင် ၃ ကောင်ကို ရေကူးကန်ငယ်ထဲ ထည့်ပြီး ဖျော်ဖြေခိုင်းခဲ့တာပါ။

လွန်ခဲ့တဲ့ ၃ နှစ်မှာတော့ အင်ဒိုနီးရှားအစိုးရက ဖွဲ့စည်းထားတဲ့ လင်းပိုင်စောင့်ရှောက်ရေးအဖွဲ့ Umah Lumba Rehabilitation, Release and Retirement Center ကနေ သူတို့ ၃ ကောင်ကို ကယ်တင်ခဲ့ပြီး စောင့်ရှောက်ပေးထားတာပါ။ စက်တင်ဘာလ ၃ ရက်မှာတော့ သူတို့ ၃ ကောင်လုံး ဟင်းလင်းပွင့်ပင်လယ်ကြီးထဲကို ကူးခတ်သွားနိုင်ဖို့ ဘာလီကျွန်း ကမ်းလွန်မှာရှိတဲ့ ရေအောက်ဂိတ်တံခါးကို ဖွင့်ပေးခဲ့တာပါ။

” သူတို့ ၃ ကောင်လုံး ကျွန်တော်တို့ စင်တာကိုပဲ ပတ်ပတ်လည် ကူးနေခဲ့တာပါ။ ဂိတ်ပေါက်ကနေ ထွက်ပြီး ပင်လယ်ထဲ ကူးသွားပြီးတော့မှ နောက်တစ်ခေါက် ပြန်ဝင်လာတယ်။ ကျေးဇူးတင်ပါတယ်၊ နှုတ်ဆက်ခဲ့ပါတယ်လို့ မပြောရုံတမယ်ပါပဲ။ နောက်တော့ သူတို့ ပင်လယ်ထဲ ကူးခတ်ပျောက်ကွယ်သွားတာပါ” လို့ တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူ လင်ကွန်းအိုဘာရီက ပြောပါတယ်။

Ref: Johnny, Rocky and Rambo Were Rescued From Indonesian Tourist Attraction And Released Into Ocean

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top