ပတ်တီးနဲ့ ပြုလုပ်ထားတဲ့ဖိနပ်နဲ့သာ အပြေးပြိုင်ပြီး ဆုတံဆိပ်တွေရရှိခဲ့တဲ့ အားကစားသမားလေး

yyl-050-2.jpg

အားကစားသမားတစ်ယောက်ဟာ ဆုတံဆိပ်များစွာရရှိဖို့အတွက် ဈေးကြီးတန်ဖိနပ်နဲ့ ဝတ်ဆင်ပြီး ယှဉ်ပြိုင်မှ ရမှာမဟုတ်ဘူးဆိုတာကို ဖိလစ်ပိုင်နိုင်ငံက ကောင်မလေးတစ်ယောက်က လူမှုကွန်ယက်အသုံးပြုသူတွေကိုသာမက အားကစားသမားတွေကိုပါ သက်သေပြသွားခဲ့ပါပြီ။

ရီအာ ဘူလ်လို (Rhea Bullos) ဆိုတဲ့ကောင်မလေးက lloilo Schools Sports Council Meet အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ သူ့ခြေထောက်ကို ပတ်တီးနဲ့ပတ်ပြီးလုပ်ထားတဲ့ဖိနပ်ကိုသာ ဝတ်ဆင်ခဲ့တာပါ။ အဲဒီဖိနပ်က သူ့ကို ပြိုင်ပွဲကနေ ဆုတံဆိပ်များစွာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီကောင်မလေးက အသက်(၁၁) နှစ်သာရှိသေးပြီး သာမန်မဟုတ်တဲ့အားကစားဖိနပ်တစ်စုံနဲ့ပဲ ယှဉ်ပြိုင်ခဲ့ရမှ ဆုတံဆိပ်ဆုတွေကို ရရှိခဲ့ပါတယ်။

ဖိနပ်အဖြေစ် အညိုရောင်ပတ်တီးနဲ့ သူ့ခြေထောက်ကို ပတ်ခဲ့ပြီး သူ့ရဲ့အဲဒီဖိနပ်တစ်ဖက်တစ်ချက်စီမှာ “Nike” တံဆိပ်ကိုတောင် ဆွဲထားပါသေးတယ်။ ပတ်တီးတွေနဲ့ သူ့ခြေချောင်းတွေကို ဖုံးရင်း သူ့ခြေထောက်ကိုလည်း တင်းကျပ်စွာပတ်ထားပါတယ်။ သူဟာ လက်လုပ်ဖိနပ်နဲ့ပဲ သက်တောင့်သက်သာဖြစ်တဲ့ဖိနပ်တွေကို ဝတ်ဆင်ပြီးယှဉ်ပြိုင်တဲ့ အခြားကစားသမားတွေကို ကျော်ဖြတ်အနိုင်ယူခဲ့ပါတယ်။

ရီအာက မီတာ၄၀၀၊ မီတာ၈၀၀၊ မီတာ၁၅၀၀အပြေးပြိုင်ပွဲတွေမှာ ဆု (၃) ခုဆွတ်ခူးရရှိခဲ့ပါတယ်။ သူ့ရဲ့အကြောင်းက ဖိလစ်ပိုင်မှာ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီးဘတ်စကက်ဘောအသင်း Alaska Aces ရဲ့နည်းပြ ဂျက်ဖ် ကာရီးယားဆို (Jeff Cariaso) နဲ့ အားကစားပစ္စည်းဆိုင် Titan 22 ရဲ့စီးအီးအိုတို့ဆီ အဲဒီသတင်းက ရောက်သွားခဲ့ပါတယ်။ ကာရီးယားဆိုက ရီအာနဲ့ တွစ်တာကနေတဆင့် အဆက်အသွယ်လုပ်ဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ အဆက်သွယ်ရသွားခဲ့ပါတယ်။ အခုဆိုရင် ရီအာလေး တကယ် Nike ဖိနပ်နဲ့ ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်မိပါတယ်။

Ref: 11-year-old athlete wears ‘Nike’ shoes made of bandages, wins multiple gold medals

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top