အခုနှစ်ထဲမှာ မင်းသား ဟွန်ဘင်းသရုပ်ဆောင်ခဲ့တဲ့ “Crash Landing On You” ဇာတ်လမ်းတွဲဟာ တော်တော်လေးလူကြိုက်များခဲ့တာပါ။ မြန်မာပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ဇာတ်လမ်းပြီးသွားတဲ့အထိ ဗိုလ်ကြီးမှ ဗိုလ်ကြီးဖြစ်လို့နေပါတယ်။ အခုနှစ်အတွင်းမှာပဲ မြန်မာပရိသတ်တွေရဲ့ရင်ထဲကို “ဗိုလ်ကြီး”ပြီးရင် “ဘုရင်ကြီး” လာဦးမှာဖြစ်ပါတယ်။ “ဘုရင်ကြီး” ဇာတ်ကောင်ပါဝင်မယ့်ဇာတ်လမ်းတွဲက မြန်မာပရိသတ်တွေ စောင့်ဆိုင်းနေကြတဲ့ “The King: The Eternal Monarch” ပါပဲ။
ဲမြန်မာပရိသတ်တွေရဲ့ရင်ထဲရောက်လာမယ့် “ဘုရင်ကြီး”က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ကိုရီးယားမင်းသားချော လီမင်ဟိုပါပဲ။ လီမင်ဟိုက (၂) နှစ်တာ စစ်မှုထမ်းဆောင်ပြီးတဲ့နောက် ပထမဆုံးအနေနဲ့ ဒီဇာတ်လမ်းတွဲမှာ ပါဝင်မှာဖြစ်ပါတယ်။ သူ့ရဲ့ပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲကို အရမ်းကို ကြည့်ချင်နေကြပါပြီ။

Lee Min Ho
ဒီဇာတ်လမ်းတွဲမှာ မင်းသားလီမင်ဟိုအပြင် “Divine Fury” ရုပ်ရှင်ကားနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား ဝူဒိုဟွမ်နဲ့ “Goblin”ဒရာမာမှ အဓိကမင်းသမီး ကင်ဂိုအန်တို့လည်း ပါဝင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ခါနီးကစပြီး ဒီဇာတ်လမ်းတွဲကို ရိုက်ကူးနေပါတယ်။ ရိုက်ကွင်းမှာ လီမင်ဟို မြင်းစီးတဲ့အခန်းကပုံတွေကလည်း လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့လာခဲ့ပြီး မြင်းဖြူလေးစီးနေတဲ့ အိမ်ရှေ့စံမင်းသားလို ဖြစ်နေတဲ့အတွက် ပရိသတ်တွေ တအံ့တသြဖြစ်ခဲ့ရပါတယ်။

The King: The Eternal Monarch
အခုတစ်ခါမှာတော့ အဓိကသရုပ်ဆောင် (၃) ဦးရဲ့ရိုက်ကွင်းက ပုံတစ်ပုံက လူမှုကွန်ယက်အကောင့်မှာလူပြောများလို့နေပါတယ်။ အဲဒီပုံထဲမှာ လီမင်ဟိုက ထသွားထလာဝတ်စုံကို ဝတ်ဆင်ထားပြီး ဝူဒိုဟွမ်ကတော့ ဘော်ဒီဂတ်ဝတ်စုံနဲ့အပြင် ကင်ဂိုအန်ကလည်း ထောက်လှမ်းရေးဝတ်စုံဝတ်ဆင်ထားတာ တွေ့ရပါတယ်။ အဲဒီပုံကိုမြင်ပြီး ပရိသတ်တွေက ပိုပြီးတော့တောင် ဒီဒရမ်မာကို ကြည့်ချင်စိတ်တဖွာဖွာပေါ်လာခဲ့ပါတယ်။
ဒီဒရာမာက လက်ရှိနေထိုင်နေကြတဲ့ကမ္ဘာကြီးနဲ့ အပြိုင်ဖြစ်တည်နေတဲ့ကမ္ဘာလောက(Parallel world)အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ကမ္ဘာနှစ်ခုကြားက ပူပေါင်းဆောင်ရွက်မှုတွေကို သရုပ်ဖော်ထားပါတယ်။ နတ်ဘုရားက လူသားတွေဆီက မကောင်းတဲ့စွမ်းအားတွေ ထုတ်လွှတ်ခဲ့ပြီး အဲဒီစွမ်းအားတွေက ကမ္ဘာနှစ်ခုကြားက တံခါးကို ပွင့်သွားစေခဲ့ပါတယ်။ ကမ္ဘာတစ်ဖက်က ဘုရင်ကြီး လီဂွန် (လီမင်ဟို) က တံခါးကို ပိတ်ဖို့ ကြိုးစားနေပြီး အခြားတစ်ဖက်က ထောက်လှမ်းရေး ဂျောင်တေးအွန် (ကင်ဂိုအန်) ကလည်း တစ်စုံတစ်ယောက်ရဲ့အသက်၊ လူတွေနဲ့ ချစ်ခြင်းတရားကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

The King: The Eternal Monarch
“The King: The Eternal Monarch” ဒရာမာကို ၂၀၂၀ နှစ်ဝက်မှာ ထုတ်လွှင့်ပြသမှာဖြစ်ပြီး (၁၆) ပိုင်းပါဝင်မယ်လို့ သိရပါတယ်။ ဘယ်ရက်မှာ ပြသမယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြောထားချင်မရှိသေးပါဘူး။ ဒီဇာတ်လမ်းတွဲ ထွက်လာတဲ့အခါကျရင်လည်း “ဗိုလ်ကြီး” တုန်းကလိုပဲ “ဘုရင်ကြီး”..”ဘုရင်ကြီး”ဖြစ်နေဦးမှာပါပဲ။
Ref: Lee MinHo, Kim GoEun, & Woo DoHwan Spotted Filming For “The King: The Eternal Monarch”
WL (ရိုးရာလေး)