Captain Marvel မင်းသမီး ဘရီလာဆန် (Brie Larson) အတွက် မုဒိတာစကားဆိုခဲ့တဲ့ Wonder Woman မင်းသမီး ဂဲဂဒ်ဒေါ့ (Gal Gadot)

53518781_2325447644340395_7839287803169996800_n.jpg

Marvel Cinematic Universe ရဲ့ (၂၁) ကားမြောက်လည်းဖြစ်သလို အမျိုးသမီးဟီးရိုးက အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ “Captain Marvel” ရုပ်ရှင်ဟာ မတ်လ (၈) ရက်နေ့ကစပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားမှာ ရုံတင်နေပြီဖြစ်ပါတယ်။

Captain Marvel ရုပ်ရှင်ကို မတ်လ (၈) ရက်နေ့ကစပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားမှာ ရုံတင်နေပြီဖြစ်ပါတယ်

“Captain Marvel” နဲ့” Wonder Woman” ရုပ်ရှင်ဇာတ်ကားကို နှိုင်းယှဉ်ပြီး အင်တာနက်ပေါ်မှာ DC ပရိသတ်တစ်ဘက် Marvel ပရိသတ်တစ်ဘက် အငြင်းအခုံပြုနေကြပေမဲ့ Wonder Woman ရဲ့မင်းသမီးဖြစ်တဲ့ ဂဲဂဒ်ဒေါ့ (Gal Gadot) ကတော့ CM ရဲ့မင်းသမီးဖြစ်သူ ဘရီလာဆန်အတွက် ဝမ်းသာစကားဆိုခဲ့ပါတယ်။

“မင်းအတွက် ကိုယ်သိပ်ဝမ်းသာမိပါတယ် ညီမရေ။ ကွန်ဂရက်ကျူလေးရှင်းပါ” ဆိုတဲ့ စာသားနဲ့ Wonder Woman ဇာတ်ကောင်နဲ့ Captain Marvel ဇာတ်ကောင်တွေ လက်ချင်းချိတ်ပြီး စကားပြောနေတဲ့ပုံကို အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။

Wonder Woman ဒါရိုက်တာ ပတ်တီ ယန်ကင်း (Petty Jenkins) ကလည်း Captain Marvel ရုပ်ရှင်အဖွဲ့သားတွေကို ဂုဏ်ပြု

အခုလို ချီးကျူးစကားဆိုခဲ့တာ ဂဲဂဒ်ဒေါ့ တစ်ယောက်တည်းမဟုတ်ပါဘူး။ Wonder Woman ဇာတ်ကားရဲ့ဒါရိုက်တာဖြစ်သူ ပတ်တီ ယန်ကင်း (Petty Jenkins) ကလည်း CM ရုပ်ရှင် ရုံမတင်ခင်က “Captain Marvel ရုပ်ရှင်အဖွဲ့သားတွေကို ဂုဏ်ပြုပါတယ်။ ငါတော့ ဒီရုပ်ရှင်ကိုကြည့်ဖို့ မစောင့်နိုင်တော့ဘူး။ ငါတို့ Wonder Woman တစ်ဖွဲ့သားလုံးက မင်းတို့ဒီစနေ၊ တနင်္ဂနွေပိတ်ရက်မှာ Captain Marvel ရုပ်ရှင်ပွဲဦးထွက်ကောင်းစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်” ဆိုပြီး Twitter မှာ တင်ထားခဲ့ပါတယ်။

Captain Marvel နဲ့ Wonder Woman ရုပ်ရှင်ဇာတ်ကားကို နှိုင်းယှဉ်ပြီး အင်တာနက်ပေါ်မှာ DC တစ်ဘက် Marvel တစ်ဘက် အငြင်းအခုံပြုနေကြ

အခုလို ဂဲဂဒ်ဒေါ့ (Gal Gadot)က ဘရီလာဆန် (Brie Larson) အတွက် ဆုတောင်းပေးခဲ့တဲ့အဖြစ်အပျက်ကို ကမ္ဘာတစ်ဝန်းကပရိသတ်တွေက လူမှုကွန်ယက်တွေပေါ်မှာ မျှဝေပြီး ချီးကျူးစကားဆိုနေကြပါတယ်။

အဲဒီအထဲကမှ ဂါဘီ (Gabi)ဆိုတဲ့ ပရိသတ်တစ်ယောက်ကတော့ “ငါပြောမယ်။ နင်တို့မင်းသမီးတစ်ယောက်ကိုကြိုက်လို့ နောက်မင်းသမီးတစ်ယောက်ကို ချိုးဖဲ့နှိမ့်ချနေစရာမလိုဘူး။ ငါတို့တွေက Captain Marvel ရော Wonder Woman ကိုပါ ကြိုက်နှစ်သက်တယ်ဆိုတာ နင်တို့သိရင်ကောင်းမယ်။ မတူကွဲပြားတဲ့ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ မတူတဲ့မင်းသမီးတွေက ဒီလိုမျိုးသရုပ်ဆောင်နိုင်တာကို နင်တို့တွေ အပြစ်ပြောနေမယ့်အစား နှစ်ယောက်စလုံးကို ချီးကျူးဂုဏ်ပြုနေရမှာ” ဆိုပြီး သူ့အမြင်ကို မျှဝေခဲ့ပါတယ်။

Captain Marvel မင်းသမီး ဘရီလာဆန် (Brie Larson)

အခုလိုမျိုး ဟောလိဝုဒ်ရဲ့နာမည်ကြီးမင်းသမီးတွေက တစ်ယောက်အောင်မြင်မှုအတွက် တစ်ယောက်က ဝမ်းသာချီးကျူးနေကြတာကိုမြင်ရတာ ကြည်နူးစရာပါ။ ရိုးရာလေးရဲ့ပရိသတ်တွေရော Captain Marvel ရုပ်ရှင်ကိုသွားကြည့်ပြီးကြပြီလား။ ကြည့်ပြီးသွားရင် အမြင်လေးတွေမျှဝေသွားပါဦး။

Ref: Buzzfeed “ Gal Gadot Posted A Sweet Message To Brie Larson And I’m Emotional”
Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top