မျိုးသက်​လွင်​​​အတွက်​ စိတ်​ပူ​နေတဲ့ ဖခင်​ကို အ​ကျိုးအ​ကြောင်း စာပို့ပြီး ​ဆေးဖိုးဝါးခ ​ငွေ ၅ သိန်း ​ပေးခဲ့တဲ့ ​ဒေါက်​တာခင်​​မောင်​လွင်​

25feb202030.jpg

သားဖြစ်​သူအတွက်​ စိုးရိမ်​ပူပန်​​နေတဲ့ မျိုးသက်​လွင်​ရဲ့ဖခင်​ စိတ်​သက်​သာရာရ​စေဖို့အတွက်​ FAME ကုမ္ပဏီစီမံခန့်ခွဲမှု ဒါရိုက်​တာ ​ဒေါက်​တာ​ခင်​​မောင်​လွင်​က မျိုးသက်​လွင်​ရဲ့ညီဖြစ်​သူ မျိုးသက်​ပိုင်​ကို သူ့ဖခင်​ထံ ​စေလွှတ်​ခဲ့ပြီး အကျိုးအ​ကြောင်း ​ရေးသားထားတဲ့ စာတစ်​​စောင်​နဲ့အတူ ​ဆေးဖိုးဝါးခ ​ငွေ ၅ သိန်း ​ပေးအပ်​ခဲ့ပါတယ်​။

FAME ကုမ္ပဏီဝန်​ထမ်း မျိုးသက်​လွင်​ဟာ ​ဖေ​ဖော်​ဝါရီလ ၁၉ ရက်​ ည ၇ နာရီအချိန်​က လှိုင်​သာယာမြို့နယ်​ ​ညောင်​ရွာမှာ သမီးရည်းစား ချိန်းတွေ့​နေတုန်း ဆိုင်​ကယ်​နဲ့​ရောက်​လာသူ နှစ်​​ယောက်​ရဲ့ လုယက်​ခြင်းခံခဲ့ရပါတယ်​။ မျိုးသက်​လွင်​ရဲ့ချစ်​သူ မိန်းက​လေးက ​အော်​ဟစ်​အကူအညီ​တောင်းခံချိန်​မှာ လုယက်​သူ​တစ်​​ယောက်​က ​ခေါင်းကို သံ​ချောင်းနဲ့ ရိုက်​ခဲ့လို့ ​ကြောက်​လန့်တကြား ထွက်​​ပြေးခဲ့ပါတယ်​။ မိန်းက​လေး ထွက်​​ပြေးသွားချိန်​မှာ မျိုးသက်​လွင်​နဲ့ လုယက်​သူ ၂ ​ယောက်​ လုံး​ထွေးသတ်​ပုတ်​ရင်း ကျန်​​နေခဲ့တယ်​လို့ ရဲတပ်​ဖွဲ့က ထုတ်​ပြန်​ခဲ့ပါတယ်​။ လုယက်​သူနှစ်​​ယောက်​က ဓားနဲ့ခုတ်​ခဲ့လို့ မျိုးသက်​လွင်​ ဒဏ်​ရာရခဲ့ပြီး မျိုးသက်​လွင်​က သူ့အသက်​ကို ခုခံကာကွယ်​တဲ့အ​နေနဲ့ ပြန်​လည်​တိုက်​ခိုက်​ရာမှာ လုယက်​သူ ၂ ​ယောက်​ ​သေဆုံးခဲ့ပါတယ်​။

​ဒေါက်​တာခင်​​မောင်​လွင်​ဟာ အချုပ်​ကျ​နေတဲ့ မျိုးသက်​လွင်​ကို လစာအပြည့်နဲ့ ဝန်​ထမ်းတစ်​​ယောက်​ရဲ့ ရပိုင်​ခွင့်အပြည့်အဝ ​ပေးထားသလို အမှုမပြီးမချင်း ခွင့်​ပေးထားမယ်​လို့ သူ့ရဲ့လူမှုကွန်​ရက်​မှာ ​ဖော်​ပြခဲ့ပါတယ်​။ သူ့ဆီမှာ ၆ နှစ်​ကြာ အလုပ်​လုပ်​ခဲ့တဲ့ မျိုးသက်​လွင်​ဟာ စာရိတ္တ​ကောင်းမွန်​တဲ့ ဝန်​ထမ်းတစ်​​ယောက်​ဖြစ်​ပြီး ခိုက်​ရန်​ဖြစ်​ပွားတာမျိုး တစ်​ခါမျှမရှိခဲ့ဘူးလို့ ​ထောက်​ခံခဲ့ပါတယ်​။

​ဒေါက်​တာခင်​​မောင်​လွင်​က “အမှန်​တရားနိုင်​ပါ​စေ”ဆိုတဲ့ ​ခေါင်းစဉ်​နဲ့ ​ရေးသားထားတဲ့ လူမှုကွန်​ရက်​​ပေါ်က ပို့စ်​ထဲမှာ”မျိုးသက်လွင်.. ဘာမှအားမငယ်နဲ့.. ဆရာနဲ့ တစ်စက်ရုံလုံးက ဝန်ထမ်းတွေ မင်းဘက်ကနေ အပြည့်အဝ ရပ်တည်ပေးနေတယ်.. မင်း အပြစ်ဒဏ်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့.. ဥပဒေနဲ့အညီဖြစ်ဖို့.. အမှန်တရားအတိုင်းဖြစ်ဖို့ ဆရာတို့တွေ အစွမ်းကုန် ကူညီပေးနေတယ်.. ဆုတောင်းပေးနေပါတယ်..
အမှန်တရားက နိုင်ကိုနိုင်မယ်လို့ ယုံကြည်ပါတယ် သား မျိုးသက်လွင်ရေ..”လို့ ​ဖော်​ပြထားပါတယ်​။

ကိုယ့်ဝန်​ထမ်းအ​ပေါ် အပြည့်အဝ အား​ပေး​ထောက်​ခံတဲ့ ​ဒေါက်​တာခင်​​မောင်​လွင်​ရဲ့ ​ခေါင်းဆောင်​ပီသတဲ့ လုပ်​ရပ်ကို အများပြည်​သူ​တွေက လှိုက်​လှိုက်​လှဲလှဲ ချီးကျူးဂုဏ်​ပြု​နေကြပါတယ်​။

Photo- Dr.Khin Maung Lwin’s FB
Team(ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top