“နန်းတွင်းရတနာ”နောက်ဆက်တွဲဇာတ်လမ်းတွဲမှာ ချန်ဂင်အဖြစ် ပြန်လည်ပါဝင်မယ့် မင်းသမီးလီယောင်အေး

1.2.24-yyl-1.jpg

မြန်မာပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ရတဲ့ “နန်းတွင်းရတနာ” ကိုရီးယားဇာတ်လမ်းတွဲကို အနှစ် ၂၀ အကြာမှာ နောက်ဆက်တွဲဇာတ်လမ်းတွဲရိုက်ကူးတော့မှာပါ။ အဲဒီဇာတ်လမ်းတွဲနဲ့ ချန်ဂင်အဖြစ် လူသိများခဲ့တဲ့ မင်းသမီးလီယောင်အေးကပဲ ပြန်လည်ပါဝင်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နောက်ဆက်တွဲဇာတ်လမ်းတွဲနာမည်ကတော့ Medic Dae Jang Geum ဖြစ်ပြီး ပထမဇာတ်လမ်းတွဲပြီးခဲ့တဲ့နေရာကနေပဲ ဇာတ်အိမ်စတင်ဖို့ စီစဉ်ထားပါတယ်။ ဒီနောက်ဆက်တွဲဇာတ်လမ်းတွဲကို အခုနှစ်အောက်တိုဘာလမှာ စတင်ရိုက်ကူးဖို့စီစဉ်ထားပြီး ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ထုတ်လွှင့်မယ်လို့ သိရပါတယ်။

နောက်ဆက်တွဲဇာတ်လမ်းလာမယ်ဆိုတဲ့ ကောလဟာလဟာ ၂၀၁၂ ခုနှစ်ကတည်းက ထွက်ခဲ့တာပါ။ အခုတော့ စောင့်မျှော်နေရတဲ့ပရိသတ်တွေရဲ့ဆန္ဒပြည့်ဝသွားခဲ့ပါပြီ။

နန်းတွင်းရတနာဇာတ်လမ်းတွဲက ကိုရီးယားသမိုင်းရဲ့ ပထမဆုံးအမျိုးသမီးတော်ဝင်သမားတော်ရဲ့ဘဝကို အခြေခံရိုက်ကူးခဲ့တာပါ။ ၂၀၀၃ ခုနှစ်က ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်း ၅၄ ပိုင်းရှိခဲ့ပြီး အခုထိ ကြည့်ရှုနှုန်းအများဆုံးကိုရီးယားဇာတ်လမ်းတွဲအဖြစ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

Ref: Korean Actress Lee Young Ae, 52, To Play Dae Jang Geum Again In Jewel In The Palace Sequel

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top