မင်းသားဗြောင်ဝူဆော့က လက်ဆောင်ပေးတယ်လို့ ဇနီးဖြစ်သူ အိပ်မက်မက်ခဲ့ပြီးနောက် ထီဆုကြီးပေါက်ခဲ့တဲ့ ကိုရီးယားစုံတွဲ

woo.png

အခုလအစောပိုင်းတုန်းက တောင်ကိုရီးယားနိုင်ငံရဲ့ ဇနီးမောင်နှံဟာ the Spito 2000 ခဲခြစ်ထီကို ပေါက်ခဲ့ပြီး ဝမ် ၂ ဘီလျံ ရရှိပိုင်ဆိုင်ခဲ့ရပါတယ်။ အမျိုးသားဖြစ်သူက ထီလက်မှတ် ပုံမှန်ဝယ်လေ့ရှိပြီး အစက Lotto ထီလက်မှတ်ယူဖို့ တွေးခဲ့တာပါ။ ဒါပေမဲ့ Spito 2000 ထီလက်မှတ်ခဲခြစ်ရတာကို ဇနီးဖြစ်သူ ပျော်တယ်ဆိုတဲ့ အတွေးဝင်လာပြီး အဲ့ဒီထီလက်မှတ်တစ်စုံဝယ်ဖို့ ဆုံးဖြတ်မိခဲ့တာပါ။

သူ့ဇနီးက သူ့အလုပ်တွေပြီးတဲ့အထိ ကားထဲမှာစောင့်ရင်း လက်မှတ်တွေကို ခဲခြစ်ခဲ့ပါတယ်။ခဲခြစ်နေရင်း ပထမဆု ဝမ် ၂ ဘီလျံပေါက်သွားတာကို သိလိုက်ရပါတယ်။ ထီဆုကြီးပေါက်ပြီးတဲ့နောက်မှာတော့ထီဆုကြီးပေါက်မယ်လို့ အရိပ်အမြွက်ပြပုံရတဲ့ အိပ်မက်တစ်ခု မကြာသေးခင်ကမှ မက်ခဲ့ကြောင်း ဇနီးဖြစ်သူက အမျိုးသားကို ထုတ်ပြောပြခဲ့ပါတယ်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ခုမှာ မင်းသားဗြောင်ဝူဆော့နဲ့ တွေ့ခဲ့ကာ ဝူဆော့က သူ့ကို ဆုချီးမြှင့်ဖို့အတွက် သူ့ရဲ့နာမည်ခေါ်ခဲ့ကာ လက်ဆောင်ပေးအပ်ခဲ့ပြီး ပွေ့ဖက်ခဲ့တယ်ဆိုတဲ့ အိပ်မက်မက်ခဲ့တာပါ။

ဗြောင်ဝူဆော့က သူ့ဆီကံကောင်းခြင်းတွေယူဆောင်လာပေးသလို ခံစားခဲ့ရတယ်လို့ ဇနီးဖြစ်သူက ဆိုထားပါတယ်။ အမျိုးသားက မင်းသားဗြောင်ဝူဆော့ကို ကျေးဇူးတင်စကားဆိုထားပြီး ထီပေါက်ထားတဲ့ငွေတွေကို ချေးငွေဆပ်ဖို့နဲ့ အိမ်ဝယ်ဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။

Ref: Korean Couple Wins S$1.8mil Lottery Prize After Wife Dreamed Actor Byeon Woo Seok Gave Her A Gift

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top