လျှပ်စစ်လွှတ်ထားတဲ့ ရထားလမ်းပေါ်က ၃ နှစ်အရွယ် ကလေးငယ်ကို ရထားဝန်ထမ်းတွေက ကယ်တင်နိုင်ခဲ့

13.6.23-yyl-10.jpg

တုန့်ပြန်လှုပ်ရှားမှု မြန်ဆန်တဲ့ နယူးယော့ခ်မြို့မှ ရထားဝန်ထမ်းတွေက ရထားလမ်းပေါ် တက်လာတဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ၃ နှစ်သား ကလေးငယ် ဝေလွန် ပျောက်ဆုံးသွားလို့ မိဘတွေက လိုက်ရှာနေကြတာပါ။ ရထားစက်ခေါင်းမောင်း ကနေဒီက ဝေလွန်က စတွေ့ခဲ့တာပါ။ ရထားလမ်းနား ရောက်လာတော့ ဝေလွန်ဟာ လျှပ်စစ်ဓာတ် လွှတ်ထားတဲ့ တတိယမြောက် ရထားလမ်းဆီ ဦးတည်သွားနေတာ ဖြစ်ပါတယ်။

” ကျွန်တော့်မှာလည်း ကလေး ၄ ယောက် ရှိတော့ ဒီကလေးကို တွေ့တာနဲ့ ဖခင်စိတ် နိုးထလာတယ်။ ဒီကလေးကို ကယ်ရမယ်လို့ ဆုံးဖြတ်ပြီး ချက်ချင်းထလုပ်ခဲ့တာပါ” လို့ ကနေဒီက ဆိုပါတယ်။ ကနေဒီဟာ တစ်နာရီ မိုင် ၇၀ နှုန်းနဲ့သွားနေတဲ့ ရထားကို ဘရိတ်နင်းခဲ့ပြီး တခြားရထားတစ်စီးဆီကို လှမ်းဆက်သွယ်ခဲ့ပါတယ်။ ပြီးတော့ ရထားလမ်း ထိန်းသိမ်းသူတွေကိုလည်း တတိယမြောက် ရထားလမ်းကို လျှပ်စစ်ဓာတ် မလွှတ်တော့ဖို့ အကြောင်းကြားခဲ့တာပါ။

ကနေဒီရဲ့ ဆက်သွယ်မှု ရရှိပြီးချိန်မှာ တခြားရထားပေါ်က လက်မှတ်စစ် မားကပ်စ်ဟစ်ဂင်က ရထားပေါ်က ခုန်ဆင်းပြီး ကလေးဆီ အပြေးသွားကာ ကယ်တင်ခဲ့တာပါ။ သေလုနီးပါး အခြေအနေ ကြုံခဲ့တဲ့ သားဖြစ်သူနဲ့ အသက်ရှင်လျက် ပြန်ဆုံခွင့်ရတာဟာ ထူးခြားအံ့ဘွယ် ဖြစ်တယ်လို့ ကလေးငယ်ရဲ့မိခင်က ပြောပါတယ်။

ဒီဖြစ်ရပ်မှာ ကလေးငယ်ကို အသက်ကယ်ခဲ့တဲ့ ကနေဒီ၊ ဟစ်ဂစ်နဲ့ တခြားရထားဝန်ထမ်း ၃ ဦးကို နယူးယော့ခ်မြို့ ရထားပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ကက်သရင်းရီနယ်ဒီက ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

Ref: New York Rail Workers Rescue 3-Year-Old Boy From Train Tracks

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top