ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးဝါရင့်သရုပ်ဆောင်မင်းသားကြီး အန်ဆွန်ကီဟာ ရုတ်တရက်နှလုံးရပ်ကာ ဆေးရုံအမြန်တင်လိုက်ရတယ်လို့ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်ပိုင်း ကိုရီးယားသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
နေအိမ်မှာ ထမင်းစားနေရင်း ရုတ်တရက်နှလုံးဖောက်ကာ လဲကျခဲ့ပြီး ချက်ချင်းပဲ အရေးပေါ်ခန်းကို ပို့ဆောင်ခဲ့ရပါတယ်။ အထူးကြပ်မတ်ကုသဆောင်ကို မပို့ခင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက သူ့ကို နှလုံးပြန်ခုန်လာဖို့ CPR နည်းကို လုပ်ဆောင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အရေးပေါ်အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ အန်ဆွန်ကီက သွေးကင်ဆာရောဂါကို ခံစားခဲ့ရတာကြောင့် အနုပညာအလုပ်ကို အကန့်အသတ်နဲ့ လုပ်ဆောင်နေခဲ့ရတာပါ။ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့အေဂျင်စီ Artist Company က အခုလို ထုတ်ပြန်ထားပါတယ်။
“အန်ဆွန်ကီရဲ့ကျန်းမာရေး ရုတ်တရက်ဆိုးရွားလာပြီးနောက် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ လက်ရှိမှာ ဆေးဘက်ဆိုင်ရာကြီးကြပ်မှုအောက်မှာ ကုသမှုခံယူနေရပါတယ်။ သူ့ရဲ့အခြေအနေအတိအကျနဲ့ ကုသမှုအစီအစဉ်ကို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အတည်ပြုနေပါတယ်။ မင်းသားနဲ့ သူ့မိသားစုတို့ရဲ့စိတ်ချမ်းသာရေးကို ပထမဦးစားပေးဖို့ တောင်းဆိုချင်ပါတယ်။ မင်းသားကြီးရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်တဲ့ နောက်ဆုံးရအကြောင်းအရာတွေကို တရားဝင်ချန်နယ်တွေကနေတဆင့် အသိပေးသွားမှာပါ”
Ref: Korean Film Icon Ahn Sung-ki Hospitalized After Collapse at Home
WL (ရိုးရာလေး)

