ထူးခြားတဲ့ လည်ပင်းကြွက်သားကြောင့် ဂေါ်ဇီလာနဲ့တောင် နှိုင်းယှဉ်ခံရတဲ့ ကာယဗလမောင်

11.10.23-yyl-8.jpg

ကိုလံဘီယာနိုင်ငံက ကာယဗလမောင် ရူဘီယယ်မိုစကွီရာဟာ လည်ပင်းကြွက်သား တောင့်တင်းမှုကြောင့် လည်ပင်းဇီလာ (လည်ပင်း+ ဂေါ်ဇီလာ) လို့ လူသိများ ထင်ရှားပါတယ်။ ကြွက်သား အပြိုင်းပြိုင်းထနေတဲ့ သူ့ရဲ့ခန္ဓာကိုယ်မှာတောင် လည်ပင်းကြွက်သားက သိသိသာသာ ထင်ရှားနေပြီး လုံးပတ် လက်မ ၂၀ အထိ ရှိပါတယ်။ ဒါဟာ သာမန်လူသားတစ်ယောက်နဲ့ယှဉ်ရင် တော်တော်ကြီးမားတဲ့ အရွယ်အစားပါ။

သူဟာ ကာယဗလမောင်တွေထဲမှာ လည်ပင်းကြွက်သား အတောင့်တင်းဆုံးလို့ ထင်ကြေးပေးခံထားရပေမဲ့ တရားဝင် သတ်မှတ်ခံရခြင်းတော့ မရှိသေးပါဘူး။ မိုစကွီရာက ခန္ဓာကိုယ် ကြွက်သားအားလုံးကို တပြေးညီ လေ့ကျင့်ပေမဲ့ သူ့ရဲ့ အထူးခြားဆုံး အားသာချက်ဖြစ်တဲ့ လည်ပင်းကြွက်သားတွေကိုတော့ အင်စတာဂရမ်ပေါ်မှာ မကြာခဏ တင်လေ့ရှိပါတယ်။

Ref:Meet Neckzilla, the Thickest Neck in Bodybuilding

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top