တစ်လ တစ်ကြိမ် လူတိုင်းကို အခမဲ့ကျွေးမွေးတဲ့ ကိုရီးယားစားသောက်ဆိုင်

koreanmama1.jpg

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ ဖွင့်လှစ်ထားတဲ့ ကိုရီးယားစားသောက်ဆိုင်ဟာ တစ်လကို တစ်ကြိမ် လူတိုင်းကို အခမဲ့ ကျွေးမွေးလေ့ရှိပါတယ်။

” မေမေ ကင်”လို့ ချစ်စနိုးခေါ်ကြတဲ့ ပိုချာကင်က ၁၉၈၈ ခုနှစ်မှ စတင်ပြီး Korea House စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Korea House စားသောက်ဆိုင်ဟာ လတစ်လရဲ့ ပထမဆုံး ဗုဒ္ဓဟူးနေ့တိုင်း ဆိုင်ကို လာသူအားလုံးကို အခမဲ့ ကျွေးမွေးတာပါ။

Korea House ပိုင်ရှင် ပိုချာကင်ဟာ သူ့ဒေသရဲ့ ချန်ပီယံတစ်ဦးဖြစ်ပြီး ကြင်နာတတ်မှု၊ ရက်ရောမှုတွေရဲ့ စံနမူနာယူစရာ ဖြစ်တယ်လို့ တက္ကဆက်ပြည်နယ် အောက်လွှတ်တော်အမတ် ဟိုင်နိုဂျိုဆာက ချီးကျူးခဲ့ပါတယ်။

Ref: Korean Restaurant In Austin Offers Free Meals To EVERYONE Once A Month – No Strings Attached

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top