မိတ်ကပ်ထုတ်ကုန်ပစ္စည်းတွေကို စားပြလို့ နာမည်ကြီးတဲ့ ထိုင်ဝမ်လူမျိုး Influencer အသက် ၂၄ နှစ်မှာ ကွယ်လွန်

beayty.jpg

ထိုင်ဝမ်မှာ နေထိုင်တဲ့ “Guave Beauty” လို့ လူသိများတဲ့ Influencer ကောင်မလေးဟာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးချိန်မှာ အသက် ၂၄ နှစ်ရှိပါပြီ။ သူ့ကို Weibo နဲ့ အင်စတာဂရမ်တွေမှာ အလှကုန်ပစ္စည်းတွေကို စားပြ၊ အသုံးပြုပြတဲ့ ဗီဒီယိုတွေကို တင်တဲ့အတွက်ကြောင့် လူသိများပါတယ်။

သူ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ အတည်ပြုထားခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံက လူမှုကွန်ယက်အသုံးပြုသူတွေကတော့ သူ သေဆုံးရခြင်းအကြောင်းအရင်းက အဆိပ်သင့်တာ (ဒါမှမဟုတ်) နှလုံးအမောဖောက်တာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ မေလ ၂၄ ရက်နေ့မှာ Influencer ကောင်မလေးသေဆုံးသွားခဲ့တယ်ဆိုတာကို သူ့မိဘတွေက အင်စတာဂရမ်ပို့စ်ကနေတဆင့် အသိပေးခဲ့တာပါ။ “ကျွန်တော်တို့ရဲ့အဖိုးတန်ကောင်မလေး Guava Beautyဟာ ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့မှာ ကောင်းကင်ဘုံကို ရောက်သွားခဲ့ပြီဆိုတာ ကျွန်တော်တို့ အသိပေးရတာ ဝမ်းနည်းပူဆွေးရပါတယ်။ သူ့ကို ကြိုက်နှစ်သက်ခဲ့ပေးတဲ့၊ Like ပေးခဲ့တဲ့၊ ကွန်မန့်ပေးခဲ့ပြီး ရယ်မောပျော်ရွှင်ပေးခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ သူ တကယ်ကို မြတ်နိုးတန်ဖိုးထားခဲ့ပါတယ်။”လို့ ရေးသားခဲ့ပါတယ်။

Guava Beauty ရဲ့အင်စတာဂရမ်အကောင့်ကို ပိတ်ပစ်မှာမဟုတ်ဘူး။ အမှတ်တရအနေနဲ့ သိမ်းထားမှာဖြစ်တယ်လို့လည်း သူ့မိဘတွေက ဆိုထားပါတယ်။

Guava Beauty က နှုတ်ခမ်းနီနဲ့ ပါးနီအပါအဝင် အလှကုန်ပစ္စည်းတွေကို စားပြတဲ့၊ အရသာခံပြတဲ့ဗီဒီယိုတွေနဲ့ လူသိများပါတယ်။ သူ့ရဲ့ဗီဒီယိုတွေအားလုံးက အလှကုန်ပစ္စည်းတွေကို စားပြတာတင်မဟုတ်ဘဲ မိတ်ကပ်ပစ္စည်းတွေကို စမ်းသပ်ပြတဲ့ဗီဒီယိုတွေကိုလည်း တင်ခဲ့ပါတယ်။ အရင်ကတော့ ကြည့်ရှုသူတော်တော်များများက အလှကုန်ပစ္စည်းတွေစားသုံးခြင်းရဲ့အန္တရာယ်အကြောင်း သူ့ရဲ့ဗီဒီယိုတွေမှာ ကွန်မန့်တွေမန့်ခဲ့ကြပါတယ်။ သူ့ရဲ့ဗီဒီယိုအကြောင်းအရာက လူငယ်ကြည့်ရှုသူတွေကို အသိပညာအမှားတွေပေးနိုင်မှာကိုလည်း ကြည့်ရှုသူတွေက စိုးရိမ်ခဲ့ကြပါတယ်။

Ref: Taiwan influencer known for eating makeup products dies aged 24

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top