ယူကရိန်းသမ္မတပုံစံမျိုးဝတ်ဆင်ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်ခဲ့တဲ့ ကျိုတိုတက္ကသိုလ်ကျောင်းသား

4.4.2023-yyl-iamge-1.jpg

ဂျပန်နိုင်ငံက ကျိုတိုတက္ကသိုလ်ဟာ ကျောင်းသူ/သားတွေကို ပုံမှန်ဘွဲ့ဝတ်စုံနဲ့တင်မဟုတ်ဘဲ စိတ်ကြိုက်ဖန်တီးထားတဲ့ ဝတ်စုံနဲ့လည်း ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ခွင့်ပြုထားတာကြောင့် ကမ္ဘာ့တစ်ဝှမ်းမှာ နာမည်ကြီးပါတယ်။ ဘွဲ့ယူရမယ့်အချိန်ရောက်ရင် ကျိုတိုကျောင်းသူ/သားတွေဟာ ဂျပန်anime ကားတွေထဲက ဇာတ်ကောင်တွေ၊ စူပါဟီးရိုးတွေ၊ နတ်သမီးပုံပြင်ထဲက မင်းသမီးတွေလို ဝတ်ဆင်ဖြစ်ကြပါတယ်။ အခုနှစ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်းသားတစ်ဦးက ထူးထူးခြားခြားဝတ်ဆင်တက်ရောက်ခဲ့ပါတယ်။

Comprehensive Human Studies ဌာနက စတုတ္ထနှစ်ကျောင်းသားဖြစ်တဲ့ LohoG29i တွစ်တာအကောင့်ပိုင်ရှင်က ယူကရိန်းသမ္မတ ဗိုလော့ဒီဗာ ဇယ်လန်းစကီးလိုပုံစံမျိုး ဝတ်ဆင်ပြီးတော့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်လာခဲ့တာပါ။ လွန်ခဲ့တဲ့ ၂ လလောက်က သူ မုတ်ဆိတ်မွေးတွေပေါက်လာတဲ့အချိန်မှာ တစ်စုံတစ်ယောက်က သူ့ကို ယူကရိန်းသမ္မတနဲ့တူတယ်လို့ ပြောခဲ့တာပါ။ ဒါကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယူကရိန်းသမ္မတလိုပုံစံမျိုးနဲ့ တက်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။

အမေရိကန်ကွန်ဂရက်မှာ ယူကရိန်းသမ္မတ ပြောခဲ့တဲ့ မိန့်ခွန်းထဲက စာသားအပြင် အမျိုးသားရေးဆောင်ပုဒ်ဖြစ်တဲ့ “Glory to Ukraine”၊ “Glory to heroes” ပါတဲ့ ပိုစတာကိုလည်း သူက ကိုင်ဆောင်ခဲ့တာပါ။ “ယူကရိန်းသမ္မတလိုမျိုးဝတ်ဆင်တာနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ အပြုသဘောဆောင်တဲ့မှတ်ချက်တွေအများကြီး တွေ့ခဲ့ပါတယ်။ ဒါကြောင့် ဒီရလဒ်ကြောင့် သူ နာမည်ကြီးသွားတဲ့အပေါ် နည်းနည်းတော့ အံ့ဩသွားလောက်မယ်လို့ ထင်တယ်။ သူ မျှော်လင့်ထားတာထက် အများကြီးပိုကောင်းသွားတယ်”လို့ ကျိုတိုတက္ကသိုလ်ရဲ့ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးဒါရိုက်တာ ဒေးဗစ် ဟာဂျီမဲ ကွန်ဟော့ဆာက ဆိုပါတယ်။

Ref: Kyoto University Graduates Traditionally Put On Bizarre Outfits For The Ceremony, And This Student Attempts To Cosplay President Zelensky

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top