မင်းသမီးကင်ဆေးရွန်ရဲ့နာရေးအခမ်းအနားတက်ရောက်ခဲ့တဲ့ ထိပ်တန်းမင်းသား ဝမ်ဘင်း (ထယ်စောက်)

18.2.2025-yyl-1.jpg

ကိုရီးယားရဲ့အလှဆုံးကလေးသရုပ်ဆောင်အဖြစ်လူသိများခဲ့တဲ့ မင်းသမီးချောလေး ကင်ဆေးရွန်ဟာ လူလောကကနေ ထွက်ခွာသွားခဲ့ပါပြီ။ သူ့ရဲ့ဈာပနာကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

သူ့ရဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့တွဲဖက်သရုပ်ဆောင်တွေက သူ့ကို နောက်ဆုံးအနေနဲ့ ဂါဝရပြုဖို့ Seoul Asan Medical Center Funeral Hall ကို လာရောက်ခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်လမ်းတွဲနဲ့ ထယ်စောက်အဖြစ် သိကြတဲ့ မင်းသားဝမ်ဘင်းလည်း တက်ရောက်ခဲ့ပါတယ်။

မင်းသားဝမ်ဘင်းဟာ အနုပညာလောကကနေ နှစ်တော်တော်ကြာပျောက်ကွယ်နေခဲ့ပေမဲ့ သူနဲ့အတူ The Man from Nowhere ဇာတ်ကားမှာ သမီးအဖြစ်ပါဝင်ခဲ့တဲ့ ကင်ဆေးရွန်ရဲ့နာရေးကိုတော့ ရောက်အောင်လာခဲ့ပေးခဲ့ပါတယ်။

ဝမ်ဘင်းကို သူ့ရဲ့အပေါင်းအသင်းတွေနဲ့ စကားပြောနေရင်း မျက်ရည်တွေသုတ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူဟာ ဆေးရွန်ရဲ့မိသားစုကို နှုတ်ဆက်စကားပြောခဲ့ပါသေးတယ်။ သူ့ဇနီးဖြစ်သူမင်းသမီး လီနာယောင်းနဲ့အတူ လွမ်းသူ့ပန်းခွေလည်းပေးပို့ခဲ့ပါတယ်။

ကင်ဆေးရွန် သေဆုံးရတဲ့အကြောင်းအရင်းကိုလည်း သိရပါပြီ။ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာဖြစ်တယ်လို့ ရဲတွေက ထုတ်ပြန်ထားပါတယ်။ အွန်လိုင်းပေါ်က အကြောင်းအရာတွေဟာ ဆေးရွန်ကို စိတ်ထိခိုက်စေခဲ့တာဖြစ်တယ်လို့ ဆေးရွန်ရဲ့အဖေက ယုံကြည်လက်ခံထားပါတယ်။

နာရေးထုတ်ပြန်ချက်မှာ ဆေးရွန်ရဲ့အဖေက YouTuber တစ်ယောက်ဟာ ဆေးရွန်ကို ဝေဖန်ပြောဆိုထားတဲ့ဗီဒီယိုတင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ မင်္ဂလာဆောင်ပုံစံဓာတ်ပုံတွေလည်းပါတယ်။ ဗီဒီယိုခေါင်းစဉ်မှာ လက်ထပ်တဲ့ကောလဟာလပြီးတဲ့နောက် ဆေးရွန်ပုန်းနေခဲ့တယ်လို့ ဆိုထားပါတယ်။ ဆေးရွန်ရဲ့ငွေရေးကြေးရေးအခြေအနေနဲ့ ရိုးသားဖြူစင်မှုအပေါ်မေးခွန်းထုတ်တဲ့ ဗီဒီယိုကိုလည်း တင်ခဲ့တယ်။ အဲ့ဒီဗီဒီယိုကတော့ အခုမရှိတော့ပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီး ဆေးရွန်ရဲ့မိသားစုက တရားဥပဒေအရ အရေးယူဖို့ စဉ်းစားနေတယ်လို့ ဆိုထားပါတယ်။

နာမည်ပြောင်းပြီး အနုပညာအလုပ်တွေပြန်လုပ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ မင်းသမီးချောလေး ကင်ဆေးရွန်- https://yoyarlay.com/actress-kim-sae-ron-dies-aged-24-had-planned-to-open-own-cafe/

Ref: Korean Star Won Bin Attends Kim Sae Ron’s Wake, After Keeping A Low Profile For Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top