အာရှအချမ်းသာဆုံးပုဂ္ဂိုလ်စီးတဲ့ ဗုံးဒဏ်ခံနိုင်ရည်ရှိ မာစီးဒီးစ်ကား

27.7.23-yyl-4.jpg

အာရှတိုက်မှာ အချမ်းသာဆုံး၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာ နံပါတ် (၁၃) ချိတ်တဲ့ အိန္ဒိယနိုင်ငံသား မူကက်ရှ်အမ်ဘာနီဟာ အမေရိကန်ဒေါ်လာ ၈၇.၂ ဘီလျံ ချမ်းသာပါတယ်။ သူ့ရဲ့လုံခြုံရေးကို အထူးသတိထားတဲ့ အမ်ဘာနီက Mercedes-Benz S680 Guard ကားကို ရူပီး ၁၀ ကုဋေ (အမေရိကန်ဒေါ်လာ ၁.၃ သန်းကျော်)နဲ့ ဝယ်ယူခဲ့ပါတယ်။

Mercedes-Benz S680 Guard ကားမှာ polycarbonate မှန်ချပ်တွေ တပ်ဆင်ထားပြီး အလွှာပေါင်းများစွာ ပေါင်းစပ်ထားတဲ့ မှန်ချပ်တွေက ကျည်မပေါက်ပါဘူး။ ကျည်မပေါက်နိုင်တဲ့အပြင် ဗုံးဒဏ်ပါ ခံနိုင်ရည် ရှိပြီး မီးဒဏ်၊ အက်ဆစ်ဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိတာကြောင့် လုံခြုံရေး အလွန်မြင့်မားတဲ့ ကားအမျိုးအစားပါ။

ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားသလို အိန္ဒိယမှာလည်း ချမ်းသာကြွယ်ဝသူတွေ၊ ထင်ပေါ်ကျော်ကြားသူတွေ အများစု စီးကြတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။

Ref: Indian Billionaire Mukesh Ambani Buys New ‘Bomb-Proof’ Mercedes

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top