ဆွေမျိုးတွေမြင်မှာကြောက်လို့ မျက်နှာဖုံးစွပ်ပြီး ထီဆုကြေးထုတ်ခဲ့သူ

hot1.jpg

ထီဆုကြီးပေါက်တဲ့ အမျိုးသားတစ်ယောက်ဟာ ဆွေမျိုးတွေမြင်မှာ စိုးရိမ်တဲ့အတွက် မျက်နှာဖုံးစွပ်ပြီး ဆုကြေးငွေလက်ခံရယူခဲ့ပါတယ်။ အေကမ်းဘဲလ် (A Campbell) လို့ အမည်ရတဲ့ ဂျမေကာနိုင်ငံသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဂျမေကာဒေါ်လာ ၁၅၈.၄ သန်း (အမေရိကန်ဒေါ်လာ ၁.၁၇ သန်း) တန် ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ဆုကြေးငွေ ထုတ်ယူဖို့ (၅၄) ရက်ကြာ စောင့်ဆိုင်းခဲ့ပါတယ်။ ထီဆုကြေးငွေ လာရောက်ထုတ်ယူချိန်မှာတော့ အေကမ်းဘဲလ်ဟာ ၁၉၉၆ ခုနှစ်ထွက် Scream ဇာတ်ကားထဲက မျက်နှာဖုံးဝတ်ဆင်လာခဲ့ပြီး သူ့ရဲ့ဓာတ်ပုံတွေကတော့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top