ချစ်သူတွေဖြစ်နေကြတဲ့ Big Bang အဖွဲ့ဝင်ဟောင်း T.O.P နဲ့ အဆိုတော်သရုပ်ဆောင် နာနာ

T.O.P.png

တောင်ကိုရီးယားသတင်းမီဒီယာ Dispatch က T.O.P နဲ့ နာနာတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတာကို အောက်တိုဘာ ၂ ရက်နေ့က ထုတ်ဖော်ခဲ့ပါတယ်။ Convenience Store တစ်ုနဲ့ တိုက်ခန်းအဆောက်အဦးအပြင်ဘက်မှာ အတူရှိနေကြတဲ့ T.O.P နဲ့ နာနာတို့ရဲ့ဓာတ်ပုံတွေကိုလည်း ထုတ်ပြနန်ခဲ့တာပါ။ နာနာနေထိုင်ရာ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာ သူတို့တွေ ရက်အနည်းငယ်ခန့် အတူတကွအချိန်ကုန်ဆုံးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

စက်တင်ဘာလကုန်ခါနီးက Fashion Week အတွက် မီလန်မြို့ကို လေယာဉ်နဲ့ နာနာမထွက်ခင်အချိန်အထိ T.O.P က နာနာကို အဖော်ပြုပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး T.O.P ရဲ့အေဂျင်စီက သူတို့ Music Video တစ်ခုကို ရိုက်ကူးရင်း ပထမဆုံးဆုံတွေ့ကာ ရင်းနှီးမှုရရှိခဲ့ကြပြီး ဇွန်လလောက်မှာ ချစ်သူတွေအဖြစ် စတင်တွဲခဲ့ကြတာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

T.O.P နဲ့ နာနာတို့ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ T.O.P ရဲ့ Music Video Studio54 ကို ရိုက်ကူးစဉ်အတွင်း ရင်းနှီးသိကျွမ်းသွားခဲ့တာဖြစ်ပါတယ်။

Ref: Korean stars T.O.P and Nana are dating.

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top