ကိုယ်မလိုချင်တဲ့မှဲ့တွေကို ဖျက်ပစ်ဖို့ အသုံးဝင်ပစ္စည်းများ

mole-e1551953016252.jpg

တချို့မှဲ့တွေက လူတွေကို ကြည့်ကောင်းစေတာမျိုးရှိသလို တချို့မှဲ့တွေကတော့ မလိုအပ်ဘဲ အကျည်းတန်နေစေတတ်ပါတယ်။ ကိုယ့်ကို ရုပ်ဆိုး အကျည်းတန်စေတယ်လို့ထင်တဲ့ မှဲ့တွေကို ဖယ်ရှားပစ်ချင်ရင်တော့ ဆိုင်သွားစရာမလိုဘဲ အိမ်မှာပဲ သက်သက်သာသာလုပ်လို့ရတဲ့ နည်းလမ်းတချို့ရှိပါတယ်။ အစွမ်းထက်ပစ္စည်းလေးတွေကို အသုံးပြုပြီး မှဲ့ဖျက်လို့ရတဲ့ အဲဒီနည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပန်းသီးအရက်ရှာလကာရည်

ပန်းသီးအရက်ရှာလကာရည်က မှဲ့ဖျက်ဖို့အတွက် အများဆုံးအသုံးပြုတဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆစ်တွေက မှဲ့ကို ပျော်ဝင်စေနိုင်ပြီး အသားရေကနေ မှဲ့ကို ဖယ်ရှားလိုက်လို့ရပါတယ်။ သင် လုပ်ဖို့လိုအပ်တာကတော့ ဝါဂွမ်းစနဲ့ ပန်းသီးအရက်ရှာလကာရည်ကို မှဲ့ပေါ်ကို အသုံးပြုလိုက်ဖို့ပါပဲ။ အဲဒီနောက် ဝါဂွမ်းစလေးကို မှဲ့ပေါ်မှာ တစ်နာရီလောက်ထားပြီး သန့်စင်လိုက်ပါ။ ဒီနည်းကို နှစ်ပတ်လောက် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက မှဲ့ဖျက်တဲ့နေရာမှာ အတော်လေးကို အလုပ်ဖြစ်ပါတယ်။ ကြက်သွန်ဖြူအမွှာအနည်းငယ်ကို ကြေမွပစ်လိုက်ပြီး အနှစ်ဖြစ်အောင် ပြုလုပ်ပါ။ ကြက်သွန်ဖြူအနှစ်ကို မှဲ့ပေါ်မှာ လိမ်းလိုက်ပြီး ခြောက်သွားတဲ့အခါ ပလာစတာကပ်ပေးထားပြီး တစ်ညလုံး မခွာဘဲ ထားပါ။ ဒီနည်းကို တစ်ပတ်လောက် ပြုလုပ်ပေးမယ်ဆိုရင် ရလဒ်ကောင်းကို မြင်တွေ့ရမှာပါ။

ကြက်ဆူဆီ

ကြက်ဆူဆီကလည်း မှဲ့ဖယ်ရှားပစ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ကြက်ဆူဆီ (စားပွဲတင်ဇွန်း (၁)ဇွန်း)ကို မုန့်ဖုတ်ဆိုဒါ (စားပွဲတင်ဇွန်း (၁) ဇွန်း) နဲ့ ရောနှောလိုက်ပါ။ အဲဒီအရောအနှောကို မှဲ့ပေါ်မှာ လိမ်းလိုက်ပြီး တစ်ညလုံး ထားလိုက်ပါ။ မနက်ရောက်မှ သန့်စင်ပေးလိုက်ပါ။ ရလဒ်ကောင်းကို မြင်ချင်ရင်တော့ တစ်လလောက် ပြုလုပ်ပေးရမှာပါ။

နာနတ်သီး

နာနတ်သီးဖျော်ရည်က ဘတ်တီးရီးယားတွေကို သတ်ပေးတာကြောင့် အလှအပခရင်မ်တွေမှာ အသုံးပြုကြပါတယ်။ နာနတ်သီးဖျော်ရည်အနည်းငယ်ကို ပင်လယ်စာအနည်းငယ်နဲ့ ရောလိုက်ပါ။ အဲဒီအရောနှောကို မှဲ့ပေါ်မှာ လိမ်းလိုက်ပြီး ပွတ်ပေးပါ။ မှဲ့ရဲ့ အပေါ်ယံအလွှာကို ဖယ်ရှားဖို့အတွက် (၁၅) မိနစ်လောက် ပွတ်ပေးရမှာပါ။ ဒီနည်းကို တစ်ပတ်လောက် အသုံးပြုပေးပါ။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်က အသားရေကို ကုသပေးသလို ဘတ်တီးရီးယားပိုးတွေကို တိုက်ဖျက်ပေးတဲ့ အာနိသင်လည်း ရှိပါတယ်။ မှဲ့ဖျက်ဖို့အတွက် ရှားစောင်းလက်ပက်အနှစ်ကို အသုံးပြုလိုက်ပါ။ အဲဒီနောက် ပလာစတာနဲ့ဖုံးထားလိုက်ပြီး ခြောက်သွားအောင် နှစ်နာရီလောက် ထားပေးရမှာဖြစ်ပါတယ်။ ဒီနည်းက မှဲ့ပျောက်ဖို့အတွက် အချိန်ကြာပေမဲ့ စိတ်ချရတဲ့နည်းပါပဲ။

ကဲ…မှဲ့ဖျက်ချင်ရင်တော့ ဒီနည်းလမ်းလေးတွေကို စမ်းလုပ်ကြည့်လိုက်ပါ။

Ref: Ways to get rid of moles at home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top