ဝူဟန်ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၁၀၆ ဦးအထိ မြင့်တက်လာ၊ ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိနေ

yyl-003-14.jpg

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၁၀၆ ဦးရှိလာခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၁၅ ဦး ရှိနေတယ်လို့ တရုတ်နိုင်ငံအာဏာပိုင်တွေက ပြောပါတယ်။ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် တရုတ်နိုင်ငံမှာ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုတွေ ထပ်မံတင်းကျပ်ထားပါတယ်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ကူးစက်ပျံ့နှံ့တဲ့ ဝူဟန်မြို့မှာ ပိတ်ဆို့မှုတွေလုပ်ထားသလို ဝူဟန်မြို့တည်ရှိတဲ့ ဟူပေပြည်နယ်တစ်ဝန်း မြို့တွေမှာလည်း ခရီးသွားလာခွင့် ကန့်သတ်မှုများ လုပ်ထားပါတယ်။ စင်ကာပူနဲ့ ဂျာမနီနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ ထပ်တွေ့ခဲ့လို့ တရုတ်နိုင်ငံပြင်ပမှာရှိတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာခဲ့ပါတယ်။

ဘေဂျင်းမြို့မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အသက်(၅၀)အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဟူပေပြည်နယ်ပြင်ပမှာ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။ အခုအချိန်အထိတော့ တရုတ်နိုင်ငံပြင်ပမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူမရှိသေးပါဘူး။

Ref:BBC “Death toll climbs to 106 as China tightens measures”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply