အသက် ၅၆ နှစ်မှာ လစာကောင်းတဲ့ အလုပ်ကနေ အနားယူပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ခဲ့သူ

10.4.2023-yyl-iamge-1.jpg

ဂျိမ်းစ် ဖူလမ်က အမြဲတမ်း ကောလိပ်ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်ချင်ခဲ့တာ။.ဒါပေမဲ့ ဒါက သူ့အတွက် မလွယ်ကူခဲ့ဘူး။ ကောလိပ်ဘေ့စ်ဘေကစားသမားဖြစ်ဖို့ Montgomery County Community College Mustangs မှာ ပထမဆုံးအကြိမ်လေ့ကျင့်တော့ လူတွေက သူ့ကိုမြင်တော့ တစ်ယောက်ယောက်ရဲ့အဖေလို့ထင်ခဲ့တာ။ လူတိုင်းက သူ့ကိုကြည့်ပြီး အဲ့ဒီလူကြီးက ဒီမှာ ဘာလုပ်နေတာလဲဆိုပြီး ဖြစ်ကြတယ်။

ဖူလမ်က အသက် ၅၆ အရွယ် ကလေး ၃ ယောက်အဖေ၊ မြေး ၉ ယောက်အဘိုးပါ။ မကြာသေးခင်ကမှ အမေရိကန်စာပို့လုပ်ငန်းကနေ အနားယူခဲ့တာပါ။ ကောလိပ်မှာ ဘေ့စ်ဘောကစားချင်ခဲ့တဲ့စိတ်က သူ့ကို ၃၆ နှစ်တာအလုပ်ကနေ ထွက်ဖို့ လှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့တာပါ။ သူက သူ့ရဲ့အလုပ်ကို ပျော်ပေမဲ့ တစ်ခုခု လိုနေသလို ခံစားခဲ့ရတယ်။ သူဟာ ကလေးဘဝတုန်းက ဘေ့စ်ဘောကစားခဲ့ဖူးတယ်။ သူ့အသက် ၂၀၊ ၃၀ ဝန်းကျင်မှာလည်း ဘေ့စ်ဘောအသင်းတွေမှာ ပါဝင်ခဲ့တယ်။

ဖူလမ်က အမေရိကန်တပ်ထဲဝင်ဖို့ အထက်တန်းကျောင်းထွက်ခဲ့ရတာပါ။ Bishop Eagan High School မှာ အသင်းကနေ ထုတ်ခံခဲ့ရတာကြောင့် ဘေ့စ်ဘောမကစားခဲ့ရဘူး။ သူ ဘေ့စ်ဘောနောက်ဆုံးကစားခဲ့တာက သူ့အသက် ၃၉ နှစ်မှာ သူ့အကြီးဆုံးသားနဲ့ပါ။

လွန်ခဲ့တဲ့ နှစ် အနည်းငယ်က သူ့မြေးတွေ အားကစားကို စိတ်ဝင်စားလာခဲ့တဲ့အချိန် သူ့လည်း ဘေ့စ်ဘောကစားချင်တဲ့ပိုး ပြန်ထလာခဲ့တာပါ။ ဖူလမ်က လစာကောင်းတဲ့ အလုပ်ကနေ ထွက်ခဲ့တာ နောင်တမရပါဘူးတဲ့။ သူက ကောလိပ်ဘေ့စ်ဘောကစားသမားဖြစ်ချင်တာအပြင် ကောလိပ်ဘွဲ့တစ်ခုလည်း ရချင်ခဲ့တာပါ။ ကောလိပ်တော်တော်များများကို လျှောက်ခဲ့ပေမဲ့ Montgomery County Community College ကပဲ သူ့ကို လက်ခံခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကမှ Montgomery County Community College မှာ ကျောင်းစတတ်ခဲ့တာပါ။

ကောလိပ်ဘေ့စ်ဘောအသင်းမှာ သူ ပါဝင်ခဲ့တဲ့အချိန်မှာ သူ့နည်းပြ မိုက်ခ် ဖစ်ဇ်ဂဲရေးက သူ့အတွက် အကူအညီဖြစ်ခဲ့တယ်။ မိုက်ခ် ဘေ့စ်ဘောနည်းပြလုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ဖူလမ်က အသက်ကြီးဆုံးကစားသမားပါပဲ။

Ref: Man retires from US Postal Service and pursues his long cherished dream at the age of 56

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top