အမေရိကန်နိုင်ငံမှာ လှေဆိပ်မီးလောင်လို့ လှေ ၃၅ စင်းပျက်စီးပြီး အနည်းဆုံး လူ ၈ ဦး သေဆုံး

yyl-004-15.jpg

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်ရဲ့ လှေဆိပ်မှာ မီးအကြီးအကျယ် လောင်ကျွမ်းလို့ လှေ ၃၅ စင်း ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ စကော့ဘိုရိုမြို့ရဲ့ ဂျက်ဆင်ကောင်တီပါ့ခ်မှာ လူတွေ အိပ်ပျော်နေတုန်း ရုတ်တရက်မီးကူးစက်ပျံ့နှံ့သွားခဲ့ပြီး သစ်သားဆိပ်ခံတံတားရဲ့ အလူမီနီယံခေါင်မိုး ပြိုကျခဲ့သလို လှေတချို့လည်း နစ်မြုပ်သွားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ဝဝး၄၀ ဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တင်နက်ဆီမြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ အိမ်ပုံစံလှေ(houseboat)နဲ့ အပျော်စီးလှေငယ်တွေ အပါအဝင် လှေ ၃၅ စင်း မီးလောင်ပျက်စီးခဲ့ပါတယ်။ ရေထဲခုန်ချထွက်ပြေးခဲ့သူ ၇ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံတင်ပို့ခဲ့ပါတယ်။ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေက နောက်ထပ် သေဆုံးသူ ရှိ၊ မရှိ တိတိကျကျ သိရဖို့အတွက် ရေထဲမှာ ရှာဖွေနေကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top